နိုင်ငံအတွင်း အောက်တိုဘာလ(၁၈)ရက်နေ့တွင် Covid-19 အတည်ပြုလူနာ ( ၁,၁၅၀ )ဦးနှင့် သေဆုံးသူ (၄၂)ဦး ထပ်တိုး

နိုင်ငံအတွင်း အောက်တိုဘာလ(၁၈)ရက်နေ့တွင် Covid-19 အတည်ပြုလူနာ ( ၁,၁၅၀ )ဦးနှင့် သေဆုံးသူ (၄၂)ဦး ထပ်တိုး
အောက်တိုဘာ 18, 2020
By Tachileik News Agency
 နိုင်ငံအတွင်း အောက်တိုဘာလ(၁၈)ရက်နေ့တွင် Covid-19 အတည်ပြုလူနာ ( ၁,၁၅၀ )ဦးနှင့် သေဆုံးသူ (၄၂)ဦး ထပ်တိုး
နိုင်ငံအတွင်း ဒေသအသီးသီးမှ Covid-19 ဓါတ်ခွဲနမူနာများကို စစ်ဆေးနေလျက်ရှိရာ ၂၀၂၀ခုနှစ် အောက်တိုဘာလ (၁၈)ရက်နေ့တွင် အတည်ပြုလူနာ (၁,၁၅၀)ဦး နှင့် သေဆုံးသူ (၄၂)ဦး ထပ်တိုးကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားရှိသည်။

နိုင်ငံအတွင်း ၂၀၂၀ခုနှစ် မတ်လ(၂၃)ရက်နေ့မှ အောက်တိုဘာလ(၁၈)ရက်နေ့ ည(၈)နာရီအချိန်အထိ Covid-19 အတည်ပြုလူနာ စုစုပေါင်း (၃၆,၀၂၅)ဦး အထိရှိနေရာ သေဆုံးသူ စုစုပေါင်းမှာ (၈၈၀)ဦးရှိနေပြီး သက်သာပျောက်ကင်း၍ ဆေးရုံဆင်းခွင့်ရသူများမှာ (၁၇,၀၇၆)ဦးအထိရှိကြောင်း သိရသည်။

လက်ရှိတွင် ဒေသအသီးသီး၌ ကုသမှု ခံယူနေသူမှာ စုစုပေါင်း (၁၈,၀၆၉)ဦး ကျန်ရှိနေသေးကြောင်း သိရသည်။ 

 Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~