တာချီလိတ်မှ Quarantine ထားသူ (၄၄)ဦး အပါအဝင် ရှမ်း(အရှေ့)မှ Quarantineထားသူ (၅၈)ဦး၏ ဓာတ်ခွဲနမူနာများကို တောင်ကြီးသို့ ပို့စစ်ထား

တာချီလိတ်မှ Quarantine ထားသူ (၄၄)ဦး အပါအဝင် ရှမ်း(အရှေ့)မှ Quarantineထားသူ (၅၈)ဦး၏ ဓာတ်ခွဲနမူနာများကို တောင်ကြီးသို့ ပို့စစ်ထား
အောက်တိုဘာ 4, 2020
By Tachileik News Agency
တာချီလိတ်မှ Quarantine ထားသူ (၄၄)ဦး အပါအဝင် ရှမ်း(အရှေ့)မှ Quarantineထားသူ (၅၈)ဦး၏ ဓာတ်ခွဲနမူနာများကို တောင်ကြီးသို့ ပို့စစ်ထား
ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးမြို့ရှိ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲဌာနသို့ ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသမှ ဓာတ်ခွဲနမူနာ (၅၈)ခုကို  ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ (၄)ရက်နေ့တွင် ပို့စစ်ထားရာ တာချီတ်လိတ်မှ Quarantine ထားသူ (၄၄) ဦး ပါဝင်ကြောင်း သိရသည်။
“ဒီနေ့ ရှမ်းအရှေ့က မြို့နယ်တွေမှာ အသွားအလာ ကန့်သတ်ထားသူ(Quarantine)တွေရဲ့ swab (၅၈)ခု ပို့ထားတယ်။ တာချီလိတ်က (၄၄) ခုလောက်ပါတယ်။ ကျန်တာက တစ်ခြားမြို့နယ်တွေက ပို့ထားတာ။ အသွားအလာကန့်သတ်ထားသူတွေချည်းပါပဲ”ဟု ရှမ်းပြည်နယ်(အရှေ့ပိုင်း) ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဘစိုးသက်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသတွင် တွေ့ရသည့် COVID 19 အတည်ပြုလူနာ စုစုပေါင်း (၆)ဦးလုံးမှာ ကျိုင်းတုံပြည်သူ့ဆေးရုံကြီး၌ ကုသမှုခံယူကာ ဆေးရုံဆင်းသွားနိုင်ပြီဖြစ်၍ လက်ရှိအချိန်တွင် COVID 19 အတည်ပြုလူနာမရှိတော့သည့် ဒေသဖြစ်သည်။
ဒေသတွင်း COVID 19 ကူးစက်ပျံ့နှံ့မှုထိန်းချုပ်ရေးအတွက် ရှမ်းပြည်နယ်တွင်းမှလွဲ၍ အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များမှ လာရောက်သူအားလုံးနှင့် ပြည်ပမှ ပြန်ရောက်လာသူများအား အသွားအလာကန့်သတ်၍ ဓာတ်ခွဲနမူနာ ရယူစစ်ဆေးခြင်းကို လုပ်ဆောင်နေခြင်းဖြစ်သည်။
ရှမ်းပြည်နယ်(အရှေ့ပိုင်း)ရှိ ကျိုင်းတုံပြည်သူ့ဆေးရုံနှင့် တာချီလိတ်ဆေးရုံတို့၌ COVID 19 သံသယလူနာများကို ဓာတ်ခွဲစစ်ဆေးပေးနေပြီး အသွားအလာကန့်သတ်ထားသူများကို တောင်ကြီးရှိ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲခန်းသို့ ပို့စစ်နေခြင်းဖြစ်သည်။
Tachileik News Agency
သတင်း - ချယ်ရီထိုက်

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~