တာချီလိတ်ပြည်သူ့ဆေးရုံမှ ဆရာဝန်များ Quarantine သတ်မှတ်ထားသည့်အတွက် တပ်မတော် နှင့် မန္တလေး၊ ကျိုင်းတုံတို့မှ ဆရာဝန်များ လာရောက်ကူညီ

တာချီလိတ်ပြည်သူ့ဆေးရုံမှ ဆရာဝန်များ Quarantine သတ်မှတ်ထားသည့်အတွက် တပ်မတော် နှင့် မန္တလေး၊ ကျိုင်းတုံတို့မှ ဆရာဝန်များ လာရောက်ကူညီ
ဧပြီ 20, 2020
By Tachileik News Agency
တာချီလိတ်ပြည်သူ့ဆေးရုံမှ ဆရာဝန်များ  Quarantine သတ်မှတ်ထားသည့်အတွက် တပ်မတော် နှင့် မန္တလေး၊ ကျိုင်းတုံတို့မှ ဆရာဝန်များ လာရောက်ကူညီ 

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်ပြည်သူ့ဆေးရုံမှ ဆရာဝန်များနှင့် ကျန်းမာရေးဝန်ထမ်းများကို Quarantine အသွားအလာ ကန့်သတ်ထားစဉ် ကာလအတွင်း မန္တလေးနှင့် ကျိုင်းတုံမှ ဆရာဝန်များအပြင် တပ်မတော်ကလည်း ဆရာဝန်နှင့်ကျန်းမာရေးဝန်ထမ်းအင်အား (၁၂)ဦးဖြင့်ပါ ကူညီပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဝန်ထမ်း (၂၁) ယောက်မှာ ဆရာဝန် (၁၀)ယောက်ပါသွားတော့ တာချီလိတ်ဆေးရုံ လုပ်ငန်းအရှိန်မပျက်အောင်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက သမားတော်တစ်ယောက်ရယ်၊  မေ့ဆေးတစ်ယောက်ရယ်ကို မန္တလေးကနေ အော်ဒါထွက်ပေးလိုက်ပြီ။ နောက် ကျိုင်းတုံဘက်က သားဖွားမီးယပ်ဆရာဝန်တစ်ယောက်ကိုလည်း ဒီဘက်ကို လွှတ်ပေးထားတယ်ပေါ့နော်။ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဘက်ကတော့ ဒီဘက်ကို သူတို့ဆီက အထူးကုဆရာဝန် (၂)ယောက်၊ လက်ထောက်ဆရာဝန် (၄)ယောက်၊ သူနာပြု (၆)ယောက် အားလုံးပေါင်း (၁၂)ယောက်ကို ဒီနေ့ကို  တာချီလိတ်ဗျူဟာအရောက်ပို့ထားတယ် ပြောတယ်

ဟု ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာ မျိုးထွန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ဧပြီလ(၁၉)ရက်နေ့က ပြောသည်။

တာချီလိတ်မှ COVID 19 အတည်ပြုလူနာ (Case 96)နှင့် ထိတွေ့ခဲ့၍ အသွားအလာကန့်သတ်စောင့်ကြည့် ထားသည့် ခရိုင်ပြည်သူ့ဆေးရုံမှ ကျန်းမာရေးဝန်ထမ်း (၂၁)ဦးတွင် ဆရာဝန် (၁၀) ဦး ပါဝင်သဖြင့် ခရိုင်ပြည်သူ့ဆေးရုံသို့ ကျန်းမာရေးဝန်ထမ်းများ ယာယီလာရောက် တာဝန်ထမ်းဆောင်ပေးနိုင်ရန် စီစဉ်ပေးထားခြင်းဖြစ်ကြောင်း သိရသည်။

ဒီအချိန်က ဘယ်သူ ဘယ်သူမှ ခွဲခြားစရာမလိုပါဘူး။ ကျွန်တော်တို့အားလုံးက COVID 19 ကာကွယ်ရေးကို အတူတကွ ပူးပေါင်းလုပ်ကြရတာပါ။ အားလုံး စည်းစည်းလုံးလုံးနဲ့ တာချီလိတ်ပြည်သူပြည်သားတွေကို ကာကွယ်စောင့်ရှောက်ပေးပါ

ဟု တာချီလိတ်ခရိုင်ပြည်သူ့ဆေးရုံတွင် ကျန်းမာရေးဝန်ထမ်းများအား ဧပြီလ (၁၉)ရက်နေ့၌ သွားရောက်တွေ့ဆုံသည့် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ လင်းထွဋ်က ပြောသည်။

ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများပါဝင်သည့် အစိုးရအဖွဲ့သည် သက်ဆိုင်ရာ ကျန်းမာရေးဌာနတာဝန်ရှိသူများနှင့်အတူ ဧပြီလ (၁၉)ရက်နေ့က ရှမ်းပြည်နယ်(အရှေ့ပိုင်း)ရှိ မိုင်းဖြတ်၊ မိုင်းယောင်း၊ တာလေနှင့် တာချီလိတ် ပြည်သူ့ဆေးရုံများသို့ သွားရောက်ပြီး COVID 19 ကာကွယ်၊ ကုသရေး လုပ်ငန်းများအတွက် လိုအပ်သည်များကို ပံ့ပိုးကူညီပေးသည်။

Tachileik News Agency
သတင်း - ချယ်ရီထိုက်
ဓါတ်ပုံ - ကျော်ဇင်ဟိန်း


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~