တာချီလိတ်မြို့တွင် ဒီဇင်ဘာလ(၄)ရက်နေ့ နေ့လည်(၁၂)နာရီအထိ Covid-19 အတည်ပြုလူနာ တစ်ဦးထပ်တိုး၍ Fever Clinic ၌ နေ့တစ်ပိုင်းတည်း စုစုပေါင်း (၆)ဦးအထိ တွေ့ရှိထား

တာချီလိတ်မြို့တွင် ဒီဇင်ဘာလ(၄)ရက်နေ့ နေ့လည်(၁၂)နာရီအထိ Covid-19 အတည်ပြုလူနာ တစ်ဦးထပ်တိုး၍ Fever Clinic ၌ နေ့တစ်ပိုင်းတည်း စုစုပေါင်း (၆)ဦးအထိ တွေ့ရှိထား
ဒီဇင်ဘာ 4, 2020
By Tachileik News Agency
တာချီလိတ်မြို့တွင် ဒီဇင်ဘာလ(၄)ရက်နေ့ နေ့လည်(၁၂)နာရီအထိ Covid-19 အတည်ပြုလူနာ တစ်ဦးထပ်တိုး၍ Fever Clinic ၌ နေ့တစ်ပိုင်းတည်း စုစုပေါင်း (၆)ဦးအထိ တွေ့ရှိထား
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့ရှိ တာချီလိတ်ဆေးရုံဟောင်းအတွင်း Covid-19 စစ်ဆေးပေးနေသည့် Fever Clinic ၌ ဒီဇင်ဘာလ(၄)ရက်နေ့ နေ့လည်(၁၂)နာရီတွင် COVID-19 အတည်ပြုလူနာ နောက်ထပ်(၁)ဦး ထပ်တိုးတွေ့ရ၍  Fever Clinic မှ နေ့တစ်ပိုင်းအတွင်း စုစုပေါင်း (၆)ဦးအထိ တွေ့ရှိထားကြောင်း သိရသည်။ 
Fever Clinic တွင် တွေ့ရသည့် (၆)ဦးမြောက် အတည်ပြုလူနာမှာ အမျိုးသမီးဖြစ်ပြီး ၎င်း၏ နေရပ်လိပ်စာများ နှင့် ထိတွေ့ခဲ့သူများကို ကျန်းမာရေးဌာနမှ စုံစမ်းလျှက်ရှိကြောင်း သိရသည်။
ဒီဇင်ဘာလ (၄)ရက်နေ့ နေ့လည်(၁၂)နာရီအထိ Fever Clinic တွင် (၆)ဦး နှင့် တာချီလိတ်တွင် ထားပြီးနောက် တောင်ကြီးမြို့ရှိ ပြည့်သူ့ကျန်းမာရေးဓါတ်ခွဲမှုဆိုင်ရာဌာန(တောင်ကြီး)သို့ ပို့စစ်ထားသည့်များထဲက ပိုးတွေ့ရသည့် (၄)ဦး အပါအဝင် စုစုပေါင်း (၁၀)ဦးတွေ့ရှိထားခြင်း ဖြစ်သည်။
တာချီလိတ်မြို့တွင် ၂၀၂၀ခုနှစ် နိုဝင်ဘာလ(၂၂)ရက်နေ့မှ ဒီဇင်ဘာလ(၄)ရက်နေ့ နေ့လည်(၁၂)နာရီအထိ Covid-19 ပိုးတွေ့ရှိသူ စုစုပေါင်း (၆၅)ဦးရှိနေရာ (၁)ဦးမှာ ဒီဇင်ဘာလ(၂)ရက်နေ့က ဆေးရုံက ဆင်းခွင့်ရသွားပြီဖြစ်၍ လက်ရှိတွင် (၆၄)ဦး ရှိနေသည်။

 Tachileik News Agency

သတင်း - ဟန်စိုးထိုက်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~