တာချီလိတ်မြို့တွင် အာဏာသိမ်းစစ်တပ်က လူမှုကူညီရေးအသင်း အဖွဲ့များအား တပ်နယ်တွင်းဖိတ်၍ ညစာကျွေးပြီး ထိုင်းဘတ်ငွေ (၁၀,၀၀၀)စီပေး 

Photo: မေတ္တာရှင်လူမှုကူညီရေးအသင်း
Photo: မေတ္တာရှင်လူမှုကူညီရေးအသင်း
တာချီလိတ်မြို့တွင် အာဏာသိမ်းစစ်တပ်က လူမှုကူညီရေးအသင်း အဖွဲ့များအား တပ်နယ်တွင်းဖိတ်၍ ညစာကျွေးပြီး ထိုင်းဘတ်ငွေ (၁၀,၀၀၀)စီပေး 
ဖေဖော်ဝါရီ 7, 2022 | ရှမ်းရှေ့

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ရှိ အာဏာသိမ်းစစ်တပ်က ယနေ့ ၂၀၂၂ ခုနှစ် ဖေဖေါ်ဝါရီလ (၆) ရက်နေ့တွင် လူမှုကူညီရေးအသင်းအဖွဲ့ (၈)ခုအား တပ်နယ်အတွင်းဖိတ်၍  ဂုဏ်ပြု ညစာစားပွဲ ပြုလုပ်ပေးပြီး ဂုဏ်ပြုငွေအဖြစ် တစ်သင်းလျှင် ဘတ်ငွေတစ်သောင်းစီ ပေးအပ်သည်ဟု သိရသည်။

COVID 19 ဖြစ်ပွားနေစဉ် ပူးပေါင်းဆောင်ရွက်သည့် အသင်းအဖွဲ့များအား အာဏာသိမ်းစစ်တပ်က တာချီလိတ်တပ်နယ်အတွင်းရှိ ကျောက်ဆည်ရိပ်သာတွင် ယမန်နေ့ည (၇)နာရီက အခမ်းအနားဖြင့် ဂုဏ်ပြုငွေပေးခြင်းဖြစ်သည်ဟု သိရသည်။

အဆိုပါ ညစာစားပွဲသို့ အာဏာသိမ်းစစ်တပ်၏ နယ်မြေခံတပ်နယ်မှ ဗိုလ်မှူးကြီး မင်းမင်းထွန်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်ဦးကျော်၊ မြို့မိမြို့ဖ ဦးလောတာ၊ မြို့နယ်အရန်မီးသတ်တပ်ဖွဲ့၊ ခရိုင်/မြို့နယ်ကြက်ခြေနီအသင်း၊ မေတ္တာရှင် သရေး/နာရေး လူမှုကူညီရေးအသင်း ၊ အလင်းရောင်ပရဟိတအသင်း၊ တာချီလိတ် သဒ္ဓါ ပရဟိတ အသင်း၊ ရွှေမယ်ယန်း၊ ဂရုဏာရှင်လူမှု ကူညီရေးအသင်းနှင့် တာချီလိတ်နာရေးကူညီမှုအသင်းတို့ တက်ကြသည်ဟု သိရသည်။

#TachileikNewsAgency