တာချီလိတ်မြို့တွင် ဆေးသမားဟု ယူဆရသူက အမျိုးသားတစ်ဦးကို ဓါးဖြင့်ခုတ်မှု ဖြစ်ပွား

တာချီလိတ်မြို့တွင် ဆေးသမားဟု ယူဆရသူက အမျိုးသားတစ်ဦးကို ဓါးဖြင့်ခုတ်မှု ဖြစ်ပွား
အောက်တိုဘာ 20, 2020
By Tachileik News Agency
တာချီလိတ်မြို့တွင် ဆေးသမားဟု ယူဆရသူက အမျိုးသားတစ်ဦးကို ဓါးဖြင့်ခုတ်မှု ဖြစ်ပွား 
မြန်မာ - ထိုင်းနယ်စပ်၊ တာချီလိတ်မြို့၊ မယ်ခေါင်ရပ်ကွက်ရှိ မယ်ဆိုင်ချောင်းဘေး၌ ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ (၂၀) ရက်နေ့ ညပိုင်းတွင် အမျိုးသားတစ်ဦးကို ဓါးခုတ်ခံထားရသဖြင့် ပြည်သူ့ဆေးရုံပို့ဆောင်ထားရပြီး ဓားဖြင့်ခုတ်သူအား ရဲတပ်ဖွဲ့က ရှာဖွေဖမ်းဆီးနေဆဲဖြစ်ကြောင်း သိရသည်။
“ခုတ်သွားတာကတော့ အိမ်ခြေရာမဲ့လို့ ပြောတယ်။ လိုက်ရှာဖမ်းနေပါတယ် ခင်ဗျ။ လူနာကတော့ ဆေးရုံပို့ထားပါပြီ။”ဟု တာချီလိတ်မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်တစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
လူတစ်ဦး ဓားခုတ်ခံထားရသဖြင့် ဆေးရုံပို့ဆောင်ပေးရန် တာချီလိတ်နာရေးကူညီမှုအသင်းထံ ည (၇)နာရီ မိနစ် (၄၀)ဝန်းကျင်က ဖုန်းဆက်အကူအညီတောင်းလာ၍ မယ်ခေါင်ရပ်ကွက်၊ အိမ်တွင်းမှု သိပ္ပံလမ်းအတွင်း မယ်ဆိုင်ချောင်းဘေးရှိ ဂိုဒေါင်တစ်ခုအနီး၌ သွားရောက် သယ်ဆောင်ပေးထားရကြောင်း တာချီလိတ်နာရေးကူညီမှုအသင်းထံမှ သိရသည်။
“ရောက်သွားတဲ့အချိန်မှာတော့ ဓားခုတ်ခံထားရတဲ့သူနားမှာ ရဲတွေရော၊ ပြည်သူ့စစ်တွေရော၊ ပတ်ဝန်းကျင်ကလူတွေရော အဲဒီနားမှာ ရှိနေကြပါတယ်။ ဓားခုတ်ခံရသူက ယာဉ်မောင်းတစ်ယောက်ပဲ။ သူနေတဲ့ဂိုဒေါင်က အဲဒီ မယ်ဆိုင်ချောင်းနားမှာပဲ။ သူက ဆေးလိပ်သောက်ရင်း ချောင်းဘက်လျှောက်သွားတာမှာ ဆေးသမားက ခုတ်တာလို့တော့ ပြောတယ်။ ဓားခုတ်ခံထားရတာက နဖူးမှာ တစ်ချက်၊ နောက်ကျောမှာ ထိုးသွင်းထားတာ တစ်ချက်၊ ခြေထောက်က ပြတ်ရှဒဏ်ရာကတစ်ချက်တွေ့ရတယ်။ အသက်အန္တရာယ်ကတော့ မစိုးရိမ်ရဘူးလို့ သိရပါတယ်”ဟု တာချီလိတ်နာရေးကူညီမှုအသင်း ဥက္ကဌ ဦးလှမိုးက ပြောသည်။
ဓားဖြင့်အခုတ်ခံရသူမှာ တာချီလိတ် - မယ်ဆိုင်ကုန်ပစ္စည်းတင်ယာဉ် မောင်းနှင်နေသည့်  ယာဉ်မောင်းသမား  ကိုဇော်ရဲအောင်ဆိုသူဖြစ်ကြောင်း သိရပြီး တာချီလိတ်ခရိုင်ပြည်သူ့ဆေးရုံ၌ ကုသမှုခံယူနေရခြင်းဖြစ်သည်။
Tachileik News Agency
ဓါတ်ပုံ - တာချီလိတ်နာရေးကူညီမှုအသင်း
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~