တာချီလိတ်မြို့နယ်၏ ၂၀၁၉ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ဖြေဆိုသူ (၁၀၀၀)ကျော်အနက် (၁၇၇)ဦး အောင်မြင်ပြီး ဂုဏ်ထူးရှင် (၁၁)ဦး ထွက်ပေါ်

တာချီလိတ်မြို့နယ်၏ ၂၀၁၉ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ဖြေဆိုသူ (၁၀၀၀)ကျော်အနက် (၁၇၇)ဦး အောင်မြင်ပြီး ဂုဏ်ထူးရှင် (၁၁)ဦး ထွက်ပေါ်
ဇှနျ 8, 2019
By Tachileik News Agency

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်အတွင်း အစိုးရအထက်တန်းကျောင်းနှင့်ကိုယ်ပိုင်အထက်တန်းကျောင်းတို့ ပါဝင်သည့် ကျောင်းပေါင်း(၁၀)ကျောင်းနှင့် အပြင်ဖြေတို့မှ ၂၀၁၉ တက္ကသိုလ်ဝင်တန်းစာမေးပွဲအား စုစုပေါင်း  (၁,၀၇၁)ဦး ၀င်ရောက်ဖြေဆိုခဲ့ကြသည့်အနက် စုစုပေါင်း(၁၇၇)ဦး အောင်မြင်ခဲ့ကြရာတွင် (၄)ဘာသာဂုဏ်ထူးရှင် တစ်ဦး အပါအ၀င် ဂုဏ်ထူးရှင်(၁၁)ဦး ပေါ်ထွက်ခဲ့ပြီး တာချီလိတ်မြို့နယ်အနေဖြင့်  အောင်ချက်ရာခိုင်နှုန်း (၁၆.၅၄)ရှိကြောင်း အခြေခံပညာဦးစီးဌာန၏ စာရင်းအရသိရသည်။


တာချီလိတ်မြို့နယ်အတွင်း အထက(တာချီလိတ်)မှ ဖြေဆိုသူ (၉၇)ဦးအနက် အောင်မြင်သူ (၉)ဦး၊ အထက(ဆန်ဆိုင်း) ဖြေဆိုသူ (၇၉)ဦးအနက် အောင်မြင်သူ (၁၀)ဦး၊ အထက(မိုင်းကိုး)မှ ဖြေဆိုသူ (၁၀၀)ဦးအနက် အောင်မြင်သူ (၈)ဦး၊ အထက(ဟောင်လိတ်)မှ ဖြေဆိုသူ (၁၃၉)ဦးအနက် အောင်မြင်သူ (၁၀)ဦး၊ အထက(တာလေ)မှ ဖြေဆိုသူ (၁၃၀)ဦးအနက် အောင်မြင်သူ (၁၄)ဦး၊ အထက(ဝမ်နတ်)မှ ဖြေဆိုသူ (၂၄)ဦးတွင် အောင်မြင်သူ မရှိ၊ အထက(ခွဲ)ပုန်းထွန်မှ ဖြေဆိုသူ (၂၀)ဦးအနက် အောင်မြင်သူ (၁)ဦး၊ အထက(ခွဲ)ဝမ်ပုံမှ ဖြေဆိုသူ (၃)ဦးတွင် အောင်မြင်သူ မရှိ၊ ရွှေမဟာကိုယ်ပိုင်အထက်တန်းကျောင်းမှ ဖြေဆိုသူ (၂၅)ဦးအနက် အောင်မြင်သူ (၁၆)ဦး၊ ရှမ်းရှေ့တန်ဆောင် ကိုယ်ပိုင်အထက်တန်းကျောင်းမှ ဖြေဆိုသူ (၃၃)ဦးအနက် အောင်မြင်သူ (၁၁)ဦးရှိကြောင်းနှင့် အပြင်ဖြေ  (၄၂၀)အနက် အောင်မြင်သူ (၉၈)ဦး ရှိကြောင်း သိရသည်။

Tachileik News Agency

~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်အတွင်း အစိုးရအထက်တန်းကျောင်းနှင့်ကိုယ်ပိုင်အထက်တန်းကျောင်းတို့ ပါဝင်သည့် ကျောင်းပေါင်း(၁၀)ကျောင်းနှင့် အပြင်ဖြေတို့မှ ၂၀၁၉ တက္ကသိုလ်ဝင်တန်းစာမေးပွဲအား စုစုပေါင်း (၁,ဝ၇၁)ဦး ဝင်ရောက်ဖြေဆိုခဲ့ကြသည့်အနက် စုစုပေါင်း(၁၇၇)ဦး အောင်မြင်ခဲ့ကြရာတွင် (၄)ဘာသာဂုဏ်ထူးရှင် တစ်ဦး အပါအဝင် ဂုဏ်ထူးရှင်(၁၁)ဦး ပေါ်ထွက်ခဲ့ပြီး တာချီလိတ်မြို့နယ်အနဖြေင့် အောင်ချက်ရာခိုင်နှုန်း (၁၆.၅၄)ရှိကြောင်း အခြေခံပညာဦးစီးဌာန၏ စာရင်းအရသိရသည်။

၂၀၁၉ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ဂုဏ်ထူးရ ကျောင်းသား ကျောင်းသူ (၁၁)ဦး ထွက်ပေါ်ခဲ့ရာ (၄)ဘာသာ ဂုဏ်ထူးရ (၁)ဦး၊ (၂)ဘာသာဂုဏ်ထူးရ (၂)ဦး၊ (၁)ဘာသာဂုဏ်ထူးရ (၈)ဦး ရှိခဲ့ရာ ရွှေမဟာကိုယ်ပိုင်အထက်တန်းကျောင်းမှ ဂုဏ်ထူးရကျောင်းသား ကျောင်းသူ (၇)ဦး ပါဝင်ကြောင်း သိရသည်။

တာချီလိတ်မြို့နယ်အတွင်း အထက(တာချီလိတ်)မှ ဖြေဆိုသူ (၉၇)ဦးအနက် အောင်မြင်သူ (၉)ဦး၊ အထက(ဆန်ဆိုင်း) ဖြေဆိုသူ (၇၉)ဦးအနက် အောင်မြင်သူ (၁၀)ဦး၊ အထက(မိုင်းကိုး)မှ ဖြေဆိုသူ (၁၀၀)ဦးအနက် အောင်မြင်သူ (၈)ဦး၊ အထက(ဟောင်လိတ်)မှ ဖြေဆိုသူ (၁၃၉)ဦးအနက် အောင်မြင်သူ (၁၀)ဦး၊ အထက(တာလေ)မှ ဖြေဆိုသူ (၁၃၀)ဦးအနက် အောင်မြင်သူ (၁၄)ဦး၊ အထက(ဝမ်နတ်)မှ ဖြေဆိုသူ (၂၄)ဦးတွင် အောင်မြင်သူ မရှိ၊ အထက(ခွဲ)ပုန်းထွန်မှ ဖြေဆိုသူ (၂၀)ဦးအနက် အောင်မြင်သူ (၁)ဦး၊ အထက(ခွဲ)ဝမ်ပုံမှ ဖြေဆိုသူ (၃)ဦးတွင် အောင်မြင်သူ မရှိ၊ ရွှေမဟာကိုယ်ပိုင်အထက်တန်းကျောင်းမှ ဖြေဆိုသူ (၂၅)ဦးအနက် အောင်မြင်သူ (၁၆)ဦး၊ ရှမ်းရှေ့တန်ဆောင် ကိုယ်ပိုင်အထက်တန်းကျောင်းမှ ဖြေဆိုသူ (၃၃)ဦးအနက် အောင်မြင်သူ (၁၁)ဦရှိကြောင်းနှင့် အပြင်ဖြေ (၄၂၀)အနက် အောင်မြင်သူ (၉၈)ဦး ရှိကြောင်း သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net