မိုင်းဆတ်မြို့တွင် ၂၀၂၀ ရွေးကောက်ပွဲအတွက် အထူးရဲ (၅၈)ဦး ခန့်အပ်မည်

မိုင်းဆတ်မြို့တွင် ၂၀၂၀ ရွေးကောက်ပွဲအတွက် အထူးရဲ (၅၈)ဦး ခန့်အပ်မည်
စက်တင်ဘာ 4, 2020
By Tachileik News Agency
မိုင်းဆတ်မြို့တွင် ၂၀၂၀ ရွေးကောက်ပွဲအတွက် အထူးရဲ (၅၈)ဦး ခန့်အပ်မည်
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့နယ်၌ ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေး ကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးနှင့် မဲဆန္ဒရှင်ပြည်သူများ လုံခြုံစိတ်ချစွာ မဲပေးနိုင်ရေးအတွက် မဲရုံလုံခြုံရေး တာဝန်ထမ်းဆောင်ရန် အထူးရဲ(၅၈)ဦး ခန့်အပ်သွားမည်ဖြစ်ကြောင်းသိရသည်။
"မိုင်းဆတ်မြို့နယ် မဲဆန္ဒနယ်အမှတ်(၁)နဲ့အမှတ်(၂)တို့မှာ လျာထားမဲရုံ(၅၈)ရုံရှိပြီး မဲရုံလုံခြုံရေး အတွက် အထူးရဲ(၅၈)ဦးကို ခန့်အပ်သွားမှာပါ။ အထူးရဲတွေအနေနဲ့သက်ဆိုင်ရာ ရပ်ကွက်၊ကျေးရွာကော်မရှင် ခွဲ၊ အဖွဲ့ဝင်တွေနဲ့ပူးပေါင်းပြီး ပြည်သူများလုံခြုံစိတ်ချစွ ာမဲပေးနိုင်ရေးအတွက် မဲရုံလုံခြုံရေးကို တာဝန်ယူ ဆောင်ရွက်သွားရမှာဖြစ်ပါတယ်"ဟု မိုင်းဆတ်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဌေးလှိုင်က ပြောသည်။
အဆိုပါ အထူးရဲများက မဲရုံလုံခြုံရေးအတွက် ဆောင်ရွက်မည်ဖြစ်ပြီး နယ်မြေခံရဲတပ်ဖွဲ့က မဲရုံပရဝုဏ်ဝန်းကျင် ကိုက် (၅၀၀) ပတ်လည်တွင် လိုက်နာရန်အချက်များကို ကြပ်မတ်ထိန်းသိမ်းခြင်းနှင့် ရပ်ကင်း၊ လှည့်ကင်းများ တာဝန်ယူသွားမည်ဖြစ်ကြောင်း သိရသည်။
"ကျွန်တော်တို့ နယ်မြေခံရဲတပ်ဖွဲ့အနေနဲ့ကတော့ ရွေးကောက်ပွဲကာလမှာ မဲဆန္ဒရှင်တွေ မဲမပေးနိုင် အောင် နှောက်ယှက် ဟန့်တားမှုများ မဖြစ်ပေါ်စေရေး၊ မဲရုံပရဝုဏ်နဲ့ ကိုက်(၅၀၀)အတွင်း အသံချဲ့စက်များ ဆူညံစွာဖွင့်လှစ်မှု မရှိစေရေး၊ မူးယစ်သောက်စားရမ်းကားမှုများ မဖြစ်ပေါ်စေရေးအတွက် လှည့်ကင်း၊ ရပ်ကင်းများဖြင့် လုံခြုံရေးဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်" ဟု ရဲမှူးဌေးလှိုင်က ပြောသည်။
ရွေးကောက်ပွဲအတွက်အထူးရဲများကို ၂၀၂၀ပြည့်နှစ်၊ အောက်တိုဘာ (၁) ရက်နေ့မှစ၍ ၂၀၂၀ပြည့်နှစ်၊ နိုင်ဝင်ဘာလ(၁၅) ရက်နေ့အထိ ရက်ပေါင်း(၄၆)ရက် ခန့်အပ်တာဝန်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။
Tachileik News Agency
သတင်း၊ဓာတ်ပုံ -သန်းဇော်(မိုင်းဆတ်)
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~