နောင်ချိုမြို့အဝင်တွင် စိတ်ကြွရူးသွပ်ဆေး ဖမ်းမိ

နောင်ချိုမြို့အဝင်တွင် စိတ်ကြွရူးသွပ်ဆေး ဖမ်းမိ
စက်တင်ဘာ 27, 2020
By Tachileik News Agency
နောင်ချိုမြို့အဝင်တွင် စိတ်ကြွရူးသွပ်ဆေး ဖမ်းမိ
ရှမ်းပြည်နယ်( မြောက်ပိုင်း ) နောင်ချိုမြို့အဝင်  စစ်ဆေးရေးဂိတ်တွင် စက်တင်ဘာ (၂၇)ရက်နေ့အကူးပိုင်းက  အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့အား မူးယစ်ဆေးဝါးနှင့်အတူ ဖမ်းဆီးရမိကြောင်း သိရသည်။ 
နောင်ချိုမြို့အဝင် အိုရီယမ်တယ်တိုးဂိတ်အနီးရှိ  စစ်ဆေးရေးဂိတ်တွင် မူးယစ်တပ်ဖွဲ့စု(၂၄)အထူးအဖွဲ့၊ စရတ( ရမခ )၊ ရတ ခလရ ( ၂၅၄ )တို့မှ တပ်ဖွဲ့တို့ပါဝင်သည့် ပူးပေါင်းအဖွဲ့က စက်တင်ဘာ (၂၇)ရက်နေ့အကူးပိုင်းတွင် စစ်ဆေးရေး လုပ်ဆောင် နေစဥ် ကျောက်မဲမြို့ဘက်မှ နောင်ချိုမြို့ဘက်သို့ အိုက်စိုင်း မောင်းနှင်လာပြီး မအေးနွမ်း လိုက်ပါစီးနင်းလာသည့် ဆိုင်ကယ်အား တားမြစ်စစ်ဆေးရာမှ ဖမ်းဆီးရမိခြင်း ဖြစ်သည်။
ပူးပေါင်းအဖွဲ့မှ ရှာဖွေစစ်ဆေးမှုများ ပြုလုပ်ရာ ဆိုင်ကယ်၏ ဖင်ထိုင်ခုံအောက် WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား စုစုပေါင်း (၂၀၀၀)ပြားကို တွေ့ရှိခဲ့သည့်အတွက်  ၎င်းတို့နှစ်ဦးအား နောင်ချိုမြို့မရဲစခန်းတွင် အမှုဖွင့်ဆောင်ရွက်ထားရှိကြောင်း သိရသည်။
 

 Tachileik News Agency

သတင်း - နေဖြိုးမြင့်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~