ကျောက်မဲမြို့တွင် မဲရုံတာဝန်ကျ ပညာရေးဝန်ထမ်း (၁၀၀)ကျော်ကို Covid-19 ရှိ မရှိ စစ်မည်

ကျောက်မဲမြို့တွင် မဲရုံတာဝန်ကျ ပညာရေးဝန်ထမ်း (၁၀၀)ကျော်ကို Covid-19 ရှိ မရှိ စစ်မည်
အောက်တိုဘာ 10, 2020
By Tachileik News Agency
ကျောက်မဲမြို့တွင် မဲရုံတာဝန်ကျ ပညာရေးဝန်ထမ်း (၁၀၀)ကျော်ကို Covid-19 ရှိ မရှိ စစ်မည်
ရှမ်းပြည်နယ်( မြောက်ပိုင်း ) ကျောက်မဲမြို့တွင် ၂၀၂၀ ရွေးကောက်ပွဲအတွက် အခြားဒေသမှ လာသည့် မဲရုံတာဝန်ကျ ပညာရေးဝန်ထမ်း (၁၀၀)ကျော်ကို  Covid-19 စစ်ဆေးရန်အတွက် အောက်တိုဘာလ(၉)ရက်နေ့က စာရင်းကောက်ယူထားပြီး အောက်တိုဘာလ(၁၀)ရက်နေ့တွင် ဓါတ်ခွဲနမူနာ ရယူမည်ဖြစ်ကြောင်း သိရသည်။ 
"ပိုးတွေ့ဒေသတွေ အပါအဝင် အခြားဒေသတွေကလာတဲ့ ပညာရေး ဝန်ထမ်းတွေက (၁၀၀)ကျော် ရှိပါတယ်၊ သူတို့ကိုလဲ အခြား Facility Quarantine ဝင် နေသူ တွေလိုပဲ နှာခေါင်း၊ အာခေါင် တို့ဖတ်ယူဖို့  စာရင်း ကောက်ထားပါပြီ"ဟု ပြည်သူ့ ကျန်းမာရေးနှင့်ကုသရေး ဦးစီးဌာနမှ ကျောက်မဲ ဒုတိယခရိုင် ဦးစီးဌာနမှူး ဒေါက်တာ နန်းရီလှိုင်ဦး က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
ကျောက်မဲရှိ အမှတ် ( ၁ ) နှင့် ( ၄ ) အခြေခံပညာမူလတန်းကျောင်းများတွင် မဲရုံတာဝန်ကျပညာရေး ဝန်ထမ်း (၁၁၄)ဦးကို အသွားအလာ ကန့်သတ်ထားရှိထားခြင်း ဖြစ်ပြီး၊ အထက (၃ ) Facility Quarantine မှ (၃)ဦး၊ အမှတ် (၈)ရပ်ကွက်၊ ရက်ကန်းကျောင်း Facility Quarantine မှ (၇)ဦး ၊ စုစုပေါင်း (၁၂၄)ဦးကို အောက်တိုဘာ လ(၉)ရက်နေ့တွင် နှာခေါင်း၊ အာခေါင် တို့ဖတ် ရယူကာ ဓါတ်ခွဲစစ်ဆေး အဖြေ ရယူသွားမည်ဖြစ်သည်။
လက်ရှိတွင် ကျောက်မဲခရိုင် ပြည်သူ့ဆေးရုံရှိ  Covid-19 သီးသန့် ကုသဆောင် ( isolation ward ) ၌ အတည်ပြုလူနာဖြစ်သည့် ကုန်တင်ယာဉ်မောင်းတစ်ဦးကို ကုထားပေးထားကြောင်း သိရသည်။

 

Tachileik News Agency
သတင်း - နေဖြိုးမြင့်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~