ကျောက်မဲမြို့တွင်  အခွန်အခမပေးသည့် စက်သုံးဆီ နှင့် စားသောက်ဆိုင်များ၏ အရှေ့က အမှိုက်ပုံးများကို စည်ပင်က ဖယ်ရှား

ကျောက်မဲမြို့တွင်  အခွန်အခမပေးသည့် စက်သုံးဆီ နှင့် စားသောက်ဆိုင်များ၏ အရှေ့က အမှိုက်ပုံးများကို စည်ပင်က ဖယ်ရှား

အာဏာသိမ်းကာလအတွင်း ပြည်သူများအပေါ် အခွန်အကောက်များ ဆိုင်းငံ့ထားရန်  ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)နှင့် ပြည်ထောင်စုခေတ္တဝန်ကြီးများက အသိပေးညွှန်ကြားထားသော်လည်း ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့ရှိ စက်သုံးဆီဆိုင်များ နှင့် စားသောက်ဆိုင်များကို CDM မလုပ်သည့် မြို့နယ်စည်ပင်သာယာရေးဌာန ဝန်ထမ်းများက အမှိုက်ခွန်၊ ရေခွန်၊ ဆိုင်ခန်းခွန်များအား လိုက်လံကောက်ခံခြင်း၊ တယ်လီဖုန်းဖြင့်ဆက်သွယ်၍ အခွန်အခတောင်းခံခြင်းများ ပြုလုပ်လျှက်ရှိကြောင်း သိရသည်။ 



လုပ်ငန်းရှင်အများစုက အခွန်ပေးဆောင်ခြင်း မရှိကြ၍ အခွန်မပေးဆောင်သော စားသောက်ဆိုင်များ အရှေ့ရှိ စည်ပင် အမှိုက်ပုံးကြီးများကို စည်ပင်ဝန်ထမ်းများက လိုက်လံသိမ်းယူလျှက်ရှိပြီး အမှိုက်ပစ်ရခက်ခဲစေရန် မတ်လ ၃၁ ရက်နေ့တွင် လုပ်ဆောင်လျှက်ရှိသည်။

အလားတူပင် ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ်စည်ပင်သာယာရေးဌာနကလည်း တာချီလိတ်မြို့မ(ဝမ်ကောင်း)ဈေးအတွင်း အခွန်အခများ လိုက်လံ ကောက်ခံနေကြောင်း သိရသည်။