စက်တင်ဘာလ(၂)ရက်နေ့ ညပိုင်းတွင် မန္တလေး၊ ရခိုင်နှင့် မွန်ပြည်နယ်တို့မှ အတည်ပြုလူနာ (၅၇)ဦး ထပ်တိုး

စက်တင်ဘာလ(၂)ရက်နေ့ ညပိုင်းတွင် မန္တလေး၊ ရခိုင်နှင့် မွန်ပြည်နယ်တို့မှ အတည်ပြုလူနာ (၅၇)ဦး ထပ်တိုး
စက်တင်ဘာ 2, 2020
By Tachileik News Agency
စက်တင်ဘာလ(၂)ရက်နေ့ ညပိုင်းတွင် မန္တလေး၊ ရခိုင်နှင့် မွန်ပြည်နယ်တို့မှ အတည်ပြုလူနာ (၅၇)ဦး ထပ်တိုး
မန္တလေး၊ ရခိုင်နှင့် မွန်ပြည်နယ်တို့တွင် COVID 19 အတည်ပြုလူနာ (၅၇)ဦး ထပ်တိုးတွေ့ရသဖြင့် ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ (၂)ရက်နေ့ည (၈)နာရီအထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါဓာတ်ခွဲ အတည်ပြုလူနာ (၉၉၅) ဦးရှိပြီ ဖြစ်သည်။
ထပ်တိုးလာသည့် (၅၇)ဦးတွင် ရခိုင်ပြည်နယ် စစ်တွေမြို့နယ်မှ (၄၅)ဦး၊ ကျောက်တော်မြို့နယ်မှ (၂)ဦး၊ ကျောက်ဖြူမြို့နယ်မှ (၂)ဦး၊ မြောက်ဦးမြို့နယ်မှ (၂)ဦး၊ မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာဇံမြို့နယ်မှ (၂)ဦး၊ မြင်းခြံမြို့နယ်မှ (၁)ဦး၊ မွန်ပြည်နယ် မုဒုံမြို့နယ်မှ (၁)ဦး၊ မော်လမြိုင်မြို့နယ်မှ (၁)ဦးနှင့် ကျိုက်ထိုမြို့နယ်မှ (၁)ဦးတို့ ပါဝင်ခြင်းဖြစ်သည်။
 အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL)၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး)၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မော်လမြိုင်) ၊ စစ်တွေ ပြည်သူ့ဆေးရုံကြီး၊ ကျောက်ဖြူ ပြည်သူ့ဆေးရုံကြီး၊ နေပြည်တော် ပြည်သူ့ဆေးရုံကြီး ခုတင် (၁၀၀၀)၊ မြောင်းမြ ပြည်သူ့ဆေးရုံကြီး၊ ဘားအံ ပြည်သူ့ဆေးရုံကြီး၊ မူဆယ် ပြည်သူ့ဆေးရုံကြီးနှင့် လွိုင်ကော် ပြည်သူ့ဆေးရုံကြီးတို့တွင် စုစုပေါင်း  ဓာတ်ခွဲနမူနာ (၁,၄၀၈)ခု အား စစ်ဆေးရာမှ ဓာတ်ခွဲအတည်ပြုလူနာသစ် (၅၇) ဦး တွေ့ရခြင်းဖြစ်သည်။
Tachileik News Agency

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~