တာချီလိတ်မြို့နယ်အတွက် ခန့်ထားသည့် မဲရုံတာဝန်ကျ အထူးရဲများတွင် Covid-19 ပိုးမတွေ့

တာချီလိတ်မြို့နယ်အတွက် ခန့်ထားသည့် မဲရုံတာဝန်ကျ အထူးရဲများတွင် Covid-19 ပိုးမတွေ့
အောက်တိုဘာ 12, 2020
By Tachileik News Agency
တာချီလိတ်မြို့နယ်အတွက် ခန့်ထားသည့် မဲရုံတာဝန်ကျ အထူးရဲများတွင် Covid-19 ပိုးမတွေ့
ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့နယ်အတွင်းက မဲရုံတွေမှာ တာဝန်ထမ်းဆောင်မယ့် အထူးရဲတပ်ဖွဲ့ဝင်တွေကို Test Kid နဲ့ Covid-19 စစ်ဆေးမှုတွေကို ၂၀၂၀ ခုနှစ် အောက်တိုဘာလ (၁၂) ရက်နေ့မနက်ပိုင်းမှာ စတင်စစ်ဆေးခဲ့ပါတယ်။ 
ဒီလိုစစ်ဆေးမှု ခံယူခဲ့ကြတဲ့ အထူးရဲတပ်ဖွဲ့ဝင် အားလုံးမှာ COVID-19 ရောဂါပိုးမတွေ့ဘူးလို့သိရပါတယ်။ 
တာချီလိတ်မြို့က မဲရုံတွေမှာတာဝန်ထမ်းဆောင်မယ့် ပညာရေးဝန်ထမ်းတွေ အပါအဝင် မဲရုံတာဝန်ကျမယ့်ဝန်ထမ်းတွေကို COVID-19 ပိုး ရှိ၊ မရှိကို ဆက်လက် စစ်ဆေးဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။
၂၀၂၀ ခုနှစ် နိုဝင်ဘာ (၈) ရက်နေ့မှာ ကျင်းပပြုလုပ်မယ့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲမှာ မဲရုံ တစ်ရုံကို အထူးရဲတပ်ဖွဲ့ဝင် တစ်ဦးနှုန်း ချထားပေးဖို့ စီစဉ်နေပြီး တာချီလိတ်မြို့နယ်မှာ ကြီးကြပ်သူအပါအဝင် အထူးရဲ (၇၄) ဦးကို သင်တန်းပို့ချပေးနေတာဖြစ်ပါတယ်။
  Tachileik News Agency
သတင်းတင်ဆက် - ကိုဇောင်း
သတင်း/ရိုက်ကူး - ဟန်စိုးထိုက်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~