တာချီလိတ်တွင် Covid-19 အခြေအနေကြောင့် မကျင်းပနိုင်ခဲ့သည့် ပါဠိပထမပြန်စာမေးပွဲကို သတ်မှတ်ချက်များဖြင့် ဇူလိုင်လ(၁၅)ရက်နေ့က စ၍ ကျင်းပနေ

တာချီလိတ်တွင် Covid-19 အခြေအနေကြောင့် မကျင်းပနိုင်ခဲ့သည့် ပါဠိပထမပြန်စာမေးပွဲကို သတ်မှတ်ချက်များဖြင့် ဇူလိုင်လ(၁၅)ရက်နေ့က စ၍ ကျင်းပနေ
ဇူလိုင် 17, 2020
By Tachileik News Agency
တာချီလိတ်တွင် Covid-19 အခြေအနေကြောင့် မကျင်းပနိုင်ခဲ့သည့် ပါဠိပထမပြန်စာမေးပွဲကို သတ်မှတ်ချက်များဖြင့် ဇူလိုင်လ(၁၅)ရက်နေ့က စ၍ ကျင်းပနေ

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ရှိ မြို့လယ်ဓမ္မာရုံတွင် ၂၀၂၀ ခုနှစ်၊ ဇူလိုင်လ (၁၅)ရက်နေ့မှ (၂၂)ရက်နေ့အထိ ကျင်းပနေသည့် ပါဠိပထမပြန်စာမေးပွဲကို ကျင်းပနေကြောင်း သိရသည်။

ပါဠိပထမပြန်စာမေးပွဲကို ၂၀၂၀ ခုနှစ် မတ်လအတွင်းဖြေဆိုရန်စီစဉ်ခဲ့သော်လည်း COVID-19 အခြေအနေကြောင့် ကျင်းပနိုင်ခြင်းမရှိဘဲ ဇူလိုင်လ (၁၅) ရက်နေ့ကစ၍  COVID 19 ကာကွယ်ရေးအစီအစဉ်များဖြင့် ကျင်းပနိုင်ခဲ့ခြင်းဖြစ်သည်။

ကျန်းမာရေးအထောက်အကူပြုအဖွဲ့ ဖွဲ့စည်းထားပေးတာရှိတယ်။ စာမေးပွဲက (၁၂) နာရီမှာစဖြေရတာပေါ့။ (၁၁) နာရီလောက်ကနေ လာတဲ့စာဖြေသံဃာတွေ၊ သီလရှင်တွေကို တစ်ပါးချင်းစီ ကျန်းမာရေးစစ်ဆေးတာပေါ့။ အပူချိန်တိုင်းတာတို့ လက်ဆေးတာတို့ ဆောင်ရွက်တာတွေ ရှိပါတယ်

ဟု တာချီလိတ်ခရိုင်သာသနာရေးဦးစီးဌာနမှ ခရိုင်သာသနာရေးမှူး ဦးထွန်းကြည်မောင်က တာချီလိတ်သတင်းအေဂျင်စီသို့ ဇူလိုင်လ (၁၇) ရက်နေ့၌ ပြောသည်။

တာချီလိတ်မြို့လယ်ဓမ္မာရုံတွင် ၂၀၂၀ ခုနှစ် ဇူလိုင်လ (၁၅) ရက်နေ့မှ (၂၂) ရက်နေ့အထိ ကျင်းပနေသည့် ပါဠိပထမပြန်စာမေးပွဲသို့ တာချီလိတ်မြို့နယ်အတွင်းရှိ ကျောင်းတိုက်အသီးသီးမှ စာဖြေသံဃာတော် (၆၁) ပါးနှင့် သီလရှင် (၁၁) ပါး စုစုပေါင်း (၇၂) ပါးဝင်ရောက်ဖြေဆိုနေပြီး စာဖြေသံဃာတော်များအတွက် အချိုရည်နှင့် အခြားစားသောက်ဖွယ်ရာများ ပါဝင်လှူဒါန်းနိုင်ကြောင်း သိရသည်။

Tachileik News Agency
သတင်း -ဟန်စိုးထိုက်
ဓာတ်ပုံ - ကျော်ဇင်ဟိန်း


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~