တာခ်ီလိတ္ၿမိဳ႕တြင္ နယ္စပ္မယ္ဆုိင္ေခ်ာင္းအတြင္း ေျမဖို႔ေဆာက္လုပ္ထားသည့္ အိမ္ေျခ(၄၀)နီးပါးကို ကြင္းဆင္းစစ္ေဆးမႈအတြင္း ေတြ႔ရိွ

တာခ်ီလိတ္ၿမိဳ႕တြင္ နယ္စပ္မယ္ဆုိင္ေခ်ာင္းအတြင္း ေျမဖို႔ေဆာက္လုပ္ထားသည့္ အိမ္ေျခ(၄၀)နီးပါးကို ကြင္းဆင္းစစ္ေဆးမႈအတြင္း ေတြ႔ရိွ
ဇူလိုင် 23, 2019
By 🌸
ထုိင္းႏိုင္ငံႏွင့္နယ္စပ္ ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕ လြယ္ေတာ္ခမ္းေက်းရြာအုပ္စုအတြင္း တာခ်ီလိတ္ - မိုင္းဆတ္ ကားလမ္းေဘး မယ္ဆိုင္ေခ်ာင္းေဘးတစ္ေလွ်ာက္တြင္ တာဝန္ရိွသူမ်ားက ၂၀၁၉ ခုႏွစ္၊ ဇူလိုင္လ (၂၃)ရက္ေန႔ ေန႔လယ္ပိုင္း၌ ကြင္းဆင္းစစ္ေဆးရာ ေခ်ာင္းအတြင္းေျမဖို႔၍ ေဆာက္လုပ္ထားသည့္ ေနအိမ္ (၄၀)ခန္႔အား စစ္ေဆးေတြ႔ရိွထားေၾကာင္း သိရသည္။

“ စည္ပင္ဝန္ႀကီးက ၿမိဳ႕နယ္ကိုၫႊန္ၾကားလို႔ ကြၽန္ေတာ္တို႔အဖြဲ႕က ကြင္းဆင္းစစ္ေဆးတာေပါ့။  သဲထုတ္မယ္ဆိုၿပီး ယူထားတဲ့ေနရာမွာ  အဆမတန္ႀကီး ဖို႔ထားတာေတြ႕ရတယ္။ ဘတ္ဟိုးေတြနဲ႔ဖို႔ထားတာကို ေတြ႕ရတယ္။ ေခ်ာင္းထဲကိုအပိုင္သေဘာမ်ဳိးလုပ္ၿပီး အေဆာက္အဦးေတြ ေဆာက္ေနတယ္။ ဒါကို ေရအရင္းအျမစ္နဲ႔ ျမစ္ေခ်ာင္းမ်ားတိုးတက္ေရးက ဥပေဒ နည္းဥပေဒအတိုင္း သြားမွာပါ။ ဒီမွာ အေဆာက္အဦေတြ မေဆာက္ဖို႔ အဖြဲ႕ေတြနဲ႔ေျမျပင္မွာ တားျမစ္တာပါ။ တရားဝင္စာထုတ္ၿပီး သတိေပးတားျမစ္မွာပါ။ ဒါေတြက ေျမလြတ္ေျမ႐ိုင္းေတြပါ။ အရပ္ကတိေတြနဲ႔ လႊဲေျပာင္းယူၿပီး ရယူပိုင္ဆိုင္ေနတဲ့ အေနအထား ေတြ႕ရတယ္။ ဒီလိုအေဆာက္အဦးေတြေဆာက္လို႔ ေခ်ာင္းက်ဥ္းလာတဲ့ အေနအထားျဖစ္လာတယ္”ဟု တာခ်ီလိတ္ဒုတိယၿမို႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးမင္းေအာင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ေျပာသည္။

အဆိုပါ ကြင္းဆင္းစစ္ေဆးမႈအား ရွမ္းျပည္နယ္အစိုးရအဖြဲ႕ဝင္ စည္ပင္သာယာေရးဝန္ႀကီး ဦးစိုင္းစြံဆုိင္း၏ ညႊန္ၾကားခ်က္အရ တာခ်ီလိတ္ၿမိဳ႕နယ္အေထြေထြအုပ္ခ်ဳပ္ေရးမွဴးရံုးမွ ဦးေဆာင္ၿပီး ရဲတပ္ဖြဲ႕၊ စည္ပင္သာသာေရးဌာန၊ စိုက္ပ်ိဳးေရးဦးစီးဌာန၊ လယ္ယာေျမ စီမံခန္႔ခြဲေရးႏွင့္ စာရင္းအင္း ဦးစီးဌာန( ေျမစာရင္း) ၊ သက္ဆုိင္ရာရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴးမ်ားႏွင့္ သက္ဆုိင္ရာတာဝန္ရိွသူမ်ားပါဝင္သည့္ ပူးေပါင္းအဖြဲ႕ျဖင့္ ကြင္းဆင္းစစ္ေဆးေနျခင္းျဖစ္သည္။

သတင္း #ဟန္စိုးထုိက္
ဓါတ္ပံု #ေက်ာ္ဇင္ဟိန္း

~~~~~~~~⊰❂ Unicode Version ~~~~~~~~
တာချီလိတ်မြို့တွင် နယ်စပ်မယ်ဆိုင်ချောင်းအတွင်း မြေဖို့ဆောက်လုပ်ထားသည့် အိမ်ခြေ(၄၀)နီးပါးကို ကွင်းဆင်းစစ်ဆေးမှုအတွင်း တွေ့ရှိ
***********
ထိုင်းနိုင်ငံနှင့်နယ်စပ် ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ လွယ်တော်ခမ်းကျေးရွာအုပ်စုအတွင်း တာချီလိတ် - မိုင်းဆတ် ကားလမ်းဘေး မယ်ဆိုင်ချောင်းဘေးတစ်လျှောက်တွင် တာဝန်ရှိသူများက ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ (၂၃)ရက်နေ့ နေ့လယ်ပိုင်း၌ ကွင်းဆင်းစစ်ဆေးရာ ချောင်းအတွင်းမြေဖို့၍ ဆောက်လုပ်ထားသည့် နေအိမ် (၄၀)ခန့်အား စစ်ဆေးတွေ့ရှိထားကြောင်း သိရသည်။

“ စည်ပင်ဝန်ကြီးက မြို့နယ်ကိုညွှန်ကြားလို့ ကျွန်တော်တို့အဖွဲ့က ကွင်းဆင်းစစ်ဆေးတာပေါ့။  သဲထုတ်မယ်ဆိုပြီး ယူထားတဲ့နေရာမှာ  အဆမတန်ကြီး ဖို့ထားတာတွေ့ရတယ်။ ဘတ်ဟိုးတွေနဲ့ဖို့ထားတာကို တွေ့ရတယ်။ ချောင်းထဲကိုအပိုင်သဘောမျိုးလုပ်ပြီး အဆောက်အဦးတွေ ဆောက်နေတယ်။ ဒါကို ရေအရင်းအမြစ်နဲ့ မြစ်ချောင်းများတိုးတက်ရေးက ဥပဒေ နည်းဥပဒေအတိုင်း သွားမှာပါ။ ဒီမှာ အဆောက်အဦတွေ မဆောက်ဖို့ အဖွဲ့တွေနဲ့မြေပြင်မှာ တားမြစ်တာပါ။ တရားဝင်စာထုတ်ပြီး သတိပေးတားမြစ်မှာပါ။ ဒါတွေက မြေလွတ်မြေရိုင်းတွေပါ။ အရပ်ကတိတွေနဲ့ လွှဲပြောင်းယူပြီး ရယူပိုင်ဆိုင်နေတဲ့ အနေအထား တွေ့ရတယ်။ ဒီလိုအဆောက်အဦးတွေဆောက်လို့ ချောင်းကျဉ်းလာတဲ့ အနေအထားဖြစ်လာတယ်”ဟု တာချီလိတ်ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းအောင်က တာချီလိတ်သတင်းအေဂျင်စီသို့ပြောသည်။

အဆိုပါ ကွင်းဆင်းစစ်ဆေးမှုအား ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းစွံဆိုင်း၏ ညွှန်ကြားချက်အရ တာချီလိတ်မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ ဦးဆောင်ပြီး ရဲတပ်ဖွဲ့၊ စည်ပင်သာသာရေးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာန( မြေစာရင်း) ၊ သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် သက်ဆိုင်ရာတာဝန်ရှိသူများပါဝင်သည့် ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးနေခြင်းဖြစ်သည်။

သတင်း #ဟန်စိုးထိုက်
ဓါတ်ပုံ #ကျော်ဇင်ဟိန်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net