မိုင္းျဖတ္တြင္ မိသားစုလုိက္ ေသေၾကာင္းႀကံစည္မႈမွ လြတ္ေျမာက္ခဲ့သည့္ ကေလး(၂)ဦး၏ ေထာက္ပံ့ေငြမ်ားကို ဘဏ္တြင္ ေငြစုစာရင္းဖြင့္၍ ထိန္းသိမ္းေပးကာ ေစာင့္ေရွာက္ထား

မိုင္းျဖတ္တြင္ မိသားစုလုိက္ ေသေၾကာင္းႀကံစည္မႈမွ လြတ္ေျမာက္ခဲ့သည့္ ကေလး(၂)ဦး၏ ေထာက္ပံ့ေငြမ်ားကို ဘဏ္တြင္ ေငြစုစာရင္းဖြင့္၍ ထိန္းသိမ္းေပးကာ ေစာင့္ေရွာက္ထား
စက်တင်ဘာ 23, 2019
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း)၊ တာခ်ီလိတ္ခရိုင္၊ မိုင္းျဖတ္ၿမိဳ႕တြင္ မိဘမ်ားက အဆိပ္ပင္ျပဳတ္၍ မိသားစုလုိက္တိုက္ၿပီး ေသေၾကာင္းႀကံခဲ့ရာမွ အသက္ရွင္က်န္ခဲ့သည့္ အသက္ (၉)ႏွစ္ႏွင့္ (၁၃)ႏွစ္အရြယ္ ကေလးႏွစ္ဦးကို အေဒၚျဖစ္သူက ေမြးစားထားကာ အမ်ားျပည္သူက လွဴဒါန္းေပးထားသည့္ေငြစာရင္းကို ဘဏ္တြင္ အပ္ႏွံထိန္းသိမ္းေပးမည္ျဖစ္ေၾကာင္း သိရသည္။

“ကြ်န္မတို႔ အေနနဲ႔ကေတာ့ ေစတနာရွင္ေတြ ကေလးႏွစ္ဦးအတြက္ လွဴဒါန္းထားတဲ့ အလွဴေငြေတြကို လက္ခံ ထားပါတယ္။ ၿမိဳ႕နယ္က တာဝန္ရွိ လူႀကီးေတြနဲ႔တိုင္ပင္ၿပီး ေငြစုစာအုပ္လုပ္ကာ ထိန္းသိမ္းထားမွာပါ။ အခုေတာ့ အလွဴေငြ က်ပ္ (၁,၄၃၇,၀၀၀)တိတိ  လက္ခံရရွိထားပါၿပီ"ဟု အဆိုပါကေလးႏွစ္ဦး တက္ေနသည့္ ေစ်းတန္း (ကြက္သစ္)ရပ္ကြက္  မူလတန္းလြန္ေက်ာင္းမွ ေက်ာင္းအုပ္ဆရာမႀကီး ေဒၚေနာမိက တာခ်ီလိတ္ သတင္းေအဂ်င္စီသို႔ ေျပာသည္။

မိုင္းျဖတ္ၿမိဳ႕၊ ေစ်းတန္း(ကြက္သစ္)ရိွ မိဘႏွစ္ဦးျဖစ္သူ ဦးအားျမႇာ ႏွင့္ ေဒၚအီနားတို႔သည္ စက္တင္ဘာလ (၁၂)ရက္ေန႔၊  ည(၉)နာရီ ဝန္းက်င္အခ်ိန္က အဆိပ္ပင္၏ အျမစ္ႏွင့္အရြက္တို႔အား က်ဳိခ်က္ၿပီး သားသမီး (၄)ဦးအား ဦးစြာတိုက္ေကြ်းၿပီးေနာက္ ၎တို႔ (၂)ဦးမွာ ေနာက္ဆံုးမွ ေသာက္ကာ အိပ္ယာဝင္ခဲ့ၾကရာ အသက္(၉)နွစ္ႏွင့္ (၁၃)ႏွစ္အရြယ္ ကေလးႏွစ္ဦးက မၾကာမီ ေအာ့အန္ၿပီး ျပန္အိပ္ခဲ့ရာ နံနက္ (၇)နာရီဝန္းက်င္ အိပ္ရာမွႏိုးခ်ိန္၌ က်န္မိသားစုဝင္မ်ား ေသဆံုးေနသည္ကိုေတြ႔ရ၍ ပတ္ဝန္းက်င္ကို အသိေပးခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

အသက္ရွင္က်န္ခဲ့သည့္ ကေလးႏွစ္ဦးမွာ မိဘမ်ားမရိွေတာ့၍ ေထာက္ပ့ံလွဴဒါန္းမႈမ်ားလည္း ရိွခဲ့ၾကသျဖင့္ အဆိုပါ လွဴဒါန္းေငြမ်ားကို ေက်ာင္းအုပ္ဆရာမႀကီးက လက္ခံထိန္းသိမ္းေပးထားကာ ကေလးမ်ားကို အေဒၚျဖစ္သူ ေဒၚနာမူးက်ိဳတို႔မိသားစုက ေမြးစားထားေၾကာင္း သိရသည္။

“ကြ်န္မရဲ႕ ညီမ အရင္းခ်ာျဖစ္သူ ေဒၚအီနားတို႔ မိသားစု (၄)ဦး ေသသြားေပမဲ့ ကြ်န္မတို႔မွာ ကေလးမရွိတဲ့အတြက္ ေယာက္်ားနဲ႔ တိုင္ပင္ၿပီးေတာ့ မေသဘဲက်န္ရစ္ခဲ့တဲ့ ကေလးႏွစ္ေယာက္ကို ေမြးစားဖို႔ ဆံုးျဖတ္လိုက္တာပါ"ဟု ကေလးမ်ားကို ေမြးစားထားသည့္ ေဒၚနာမူးက်ဳိက ေျပာသည္။

လက္ရိွတြင္ အသက္ရွင္က်န္ရစ္သည့္ကေလးႏွစ္ဦးမွာ က်န္းမာေရးေကာင္းမြန္ကာ ေက်ာင္းျပန္တက္ေနၾကၿပီ ျဖစ္သည္။

Tachileik News Agency
သတင္း/ဓါတ္ပံု - ကိုသာ


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့တွင် မိဘများက အဆိပ်ပင်ပြုတ်၍ မိသားစုလိုက်တိုက်ပြီး သေကြောင်းကြံခဲ့ရာမှ အသက်ရှင်ကျန်ခဲ့သည့် အသက် (၉)နှစ်နှင့် (၁၃)နှစ်အရွယ် ကလေးနှစ်ဦးကို အဒေါ်ဖြစ်သူက မွေးစားထားကာ အများပြည်သူက လှူဒါန်းပေးထားသည့်ငွေစာရင်းကို ဘဏ်တွင် အပ်နှံထိန်းသိမ်းပေးမည်ဖြစ်ကြောင်း သိရသည်။

“ကျွန်မတို့ အနေနဲ့ကတော့ စေတနာရှင်တွေ ကလေးနှစ်ဦးအတွက် လှူဒါန်းထားတဲ့ အလှူငွေတွေကို လက်ခံ ထားပါတယ်။ မြို့နယ်က တာဝန်ရှိ လူကြီးတွေနဲ့တိုင်ပင်ပြီး ငွေစုစာအုပ်လုပ်ကာ ထိန်းသိမ်းထားမှာပါ။ အခုတော့ အလှူငွေ ကျပ် (၁,၄၃၇,ဝဝဝ)တိတိ လက်ခံရရှိထားပါပြီ"ဟု အဆိုပါကလေးနှစ်ဦး တက်နေသည့် ဈေးတန်း (ကွက်သစ်)ရပ်ကွက် မူလတန်းလွန်ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်နောမိက တာချီလိတ် သတင်းအေဂျင်စီသို့ ပြောသည်။

မိုင်းဖြတ်မြို့၊ ဈေးတန်း(ကွက်သစ်)ရှိ မိဘနှစ်ဦးဖြစ်သူ ဦးအားမြှာ နှင့် ဒေါ်အီနားတို့သည် စက်တင်ဘာလ (၁၂)ရက်နေ့၊ ည(၉)နာရီ ဝန်းကျင်အချိန်က အဆိပ်ပင်၏ အမြစ်နှင့်အရွက်တို့အား ကျိုချက်ပြီး သားသမီး (၄)ဦးအား ဦးစွာတိုက်ကျွေးပြီးနောက်၎င်းတို့ (၂)ဦးမှာ နောက်ဆုံးမှ သောက်ကာ အိပ်ယာဝင်ခဲ့ကြရာ အသက်(၉)နှစ်နှင့် (၁၃)နှစ်အရွယ် ကလေးနှစ်ဦးက မကြာမီ အော့အန်ပြီး ပြန်အိပ်ခဲ့ရာ နံနက် (၇)နာရီဝန်းကျင် အိပ်ရာမှနိုးချိန်၌ ကျန်မိသားစုဝင်များ သေဆုံးနေသည်ကိုတွေ့ရ၍ ပတ်ဝန်းကျင်ကို အသိပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အသက်ရှင်ကျန်ခဲ့သည့် ကလေးနှစ်ဦးမှာ မိဘများမရှိတော့၍ ထောက်ပံ့လှူဒါန်းမှုများလည်း ရှိခဲ့ကြသဖြင့် အဆိုပါ လှူဒါန်းငွေများကို ကျောင်းအုပ်ဆရာမကြီးက လက်ခံထိန်းသိမ်းပေးထားကာ ကလေးများကို အဒေါ်ဖြစ်သူ ဒေါ်နာမူးကျိုတို့မိသားစုက မွေးစားထားကြောင်း သိရသည်။

“ကျွန်မရဲ့ ညီမ အရင်းချာဖြစ်သူ ဒေါ်အီနားတို့ မိသားစု (၄)ဦး သေသွားပေမဲ့ ကျွန်မတို့မှာ ကလေးမရှိတဲ့အတွက် ယောက်ျားနဲ့ တိုင်ပင်ပြီးတော့ မသေဘဲကျန်ရစ်ခဲ့တဲ့ ကလေးနှစ်ယောက်ကို မွေးစားဖို့ ဆုံးဖြတ်လိုက်တာပါ"ဟု ကလေးများကို မွေးစားထားသည့် ဒေါ်နာမူးကျိုက ပြောသည်။

လက်ရှိတွင် အသက်ရှင်ကျန်ရစ်သည့်ကလေးနှစ်ဦးမှာ ကျန်းမာရေးကောင်းမွန်ကာ ကျောင်းပြန်တက်နကြပြေီ ဖြစ်သည်။

Tachileik News Agency
သတင်း/ဓာတ်ပုံ - ကိုသာ

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net