နိုင်ငံအတွင်း အောက်တိုဘာလ(၂၅)ရက်နေ့တွင် Covid-19 အတည်ပြုလူနာ (၉၈၆)ဦးနှင့် သေဆုံးသူ (၂၉)ဦး ထပ်တိုး

နိုင်ငံအတွင်း အောက်တိုဘာလ(၂၅)ရက်နေ့တွင် Covid-19 အတည်ပြုလူနာ (၉၈၆)ဦးနှင့် သေဆုံးသူ (၂၉)ဦး ထပ်တိုး
အောက်တိုဘာ 25, 2020
By Tachileik News Agency

နိုင်ငံအတွင်း အောက်တိုဘာလ(၂၅)ရက်နေ့တွင် Covid-19 အတည်ပြုလူနာ (၉၈၆)ဦးနှင့် သေဆုံးသူ (၂၉)ဦး ထပ်တိုး

နိုင်ငံအတွင်း ဒေသအသီးသီးမှ ဓါတ်ခွဲနမူနာများကို အောက်တိုဘာလ(၂၅)ရက်နေ့တွင် စစ်ဆေးရာ Covid-19 အတည်ပြုလူနာ (၉၈၆)ဦး ထပ်တိုးကြောင်း နှင့် (၁,၂၁၂)ဦးမှာ ဆေးရုံဆင်းသွားကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားရှိသည်။

အောက်တိုဘာလ(၂၅)ရက်နေ့တွင် သေဆုံးသူ (၂၉)ဦး ထပ်တိုးသည့်အတွက် သေဆုံးသူ စုစုပေါင်း (၁,၀၉၅)ဦးအထိ ရှိလာနေပြီဖြစ်သည်။

၂၀၂၀ခုနှစ် မတ်လ(၂၃)ရက်နေ့မှ အောက်တိုဘာလ(၂၅)ရက်နေ့အထိ နိုင်ငံအတွင်း Covid-19 အတည်ပြုလူနာ စုစုပေါင်း (၄၄,၇၇၄)ဦးအထိရှိလာရာ သက်သာပျောက်ကင်းသူမှာ (၂၄,၉၂၀)ဦးရှိ၍ လက်ရှိတွင် ဒေသအသီးသီး၌ ဆေးဝါးကုသမှု ခံယူနေသူ စုစုပေါင်း (၁၈,၇၅၉)ဦး ကျန်ရှိနေသေးကြောင်း သိရသည်။

နိုင်ငံအတွင်း၌ (၇)လတာ ကာလအတွင်း၌ Covid-19 ဓါတ်ခွဲနမူနာပေါင်း (၆၀၅,၈၄၃)ခုကို စစ်ဆေးခဲ့ရာမှ အတည်ပြုလူနာ စုစုပေါင်း (၄၄,၇၇၄)ဦးအထိ တွေ့ရှိထားခြင်း ဖြစ်သည်။

Tachileik News Agency

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~