Covid-19 ပြည်တွင်းကူးစက်သည့် အတည်ပြုလူနာ (၆)ဦး ထပ်တိုး

Covid-19 ပြည်တွင်းကူးစက်သည့် အတည်ပြုလူနာ (၆)ဦး ထပ်တိုး
သြဂုတ် 27, 2020
By Tachileik News Agency
 Covid-19  ပြည်တွင်းကူးစက်သည့် အတည်ပြုလူနာ (၆)ဦး ထပ်တိုး
ဩဂုတ်လ(၂၆)ရက်နေ့၏ ဒုတိယအသုတ်ဖြစ်သည့်  ဓါတ်ခွဲနမူနာစုစုပေါင်း (၁,၀၃၁)ခုကို စစ်ဆေးရာ Covid-19  ပြည်တွင်းကူးစက် အတည်ပြုလူနာ (၆)ဦး ထပ်တိုးကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ဩဂုတ်လ(၂၇)ရက်နေ့ နံနက်(၈)နာရီအချိန်က သတင်းထုတ်ပြန်သည်။
စစ်ဆေးတွေ့ရှိရသည့်  Covid-19  ပြည်တွင်းကူးစက် အတည်ပြုလူနာ (၆)ဦးတွင် အသက်အငယ်ဆုံးများဖြစ်သည့် အသက်(၆)လ၊ အသက်(၂)နှစ် နှင့် အသက်(၁၁)နှစ်အရွယ် ကလေးငယ်များ ပါဝင်ပြီး ရခိုင်ပြည်နယ် မြောက်ဦးမြို့မှ (၃)ဦး ဘူးသီးတောင်မြို့မှ (၂)ဦးနှင့် စစ်တွေ့မြို့က ပြန်လာသည့် ရန်ကုန်တိုင်းဒေသကြီးမှ (၁)ဦး ပါဝင်ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် အတည်ပြုလူနာ စုစုပေါင်း (၅၈၆)ဦးအထိ ရှိနေပြီဖြစ်သည်။
Tachileik News Agency

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~