လောက်ကိုင်မြို့နယ်အတွင်း COVID 19 အတည်ပြုလူနာ ၆ ဦးထပ်တိုးတွေ့၍ ဒေသတွင်း အသွားအလာကန့်သတ်

လောက်ကိုင်မြို့နယ်အတွင်း COVID 19 အတည်ပြုလူနာ ၆ ဦးထပ်တိုးတွေ့၍ ဒေသတွင်း အသွားအလာကန့်သတ်

ရှမ်းပြည်နယ် (မြောက်ပိုင်း) ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်တွင် ၂၀၂၁ ခုနှစ်၊ ဇွန်လ (၂၀) ရက်နေ့၌ COVID 19 အတည်ပြုလူနာ (၆) ဦးထပ်တိုးတွေ့ရသဖြင့် အတည်ပြုလူနာစုစုပေါင်း (၉) ဦးရှိလာပြီဖြစ်ပြီး ဒေသတွင်း အသွားအလာကန့်သတ်ထားသည်ဟု သိရသည်။

ဒေသတွင်း ဇွန်လ (၁၆)ရက်နေ့မှ ဇွန်လ (၂၀) ရက်နေ့အထိ Covid-19 အတည်ပြုလူနာ (၉) ဦးတွေ့ထားပြီဖြစ်သည်ဟု သိရသည်။

COVID 19 ထိန်းချုပ်နိုင်ရေးအတွက် ဇွန်လ (၂၃) ရက်နေ့မှ ဇူလိုင်လ (၆) ရက်နေ့အထိ အသွားအလာကန့်သတ်ခြင်း ဆောင်ရွက်မည်ဟု ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ COVID 19 ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီက ထုတ်ပြန်ထားသည်ကို တွေ့ရသည်။

ဒေသတွင်း COVID 19 တွေ့ရှိလာသဖြင့် အခြားဒေသများမှ လာရောက်အလုပ်လုပ်ကိုင်သူများကို ခွင့်ပြုတော့မည်မဟုတ်ဘဲ  ကျန်းမာရေးကိစ္စဖြင့် အခြားဒေသသွားရောက်လိုသူများ၊ ဌာနဆိုင်ရာလုပ်ငန်းကိစ္စဖြင့် ထွက်ခွာလိုသူများအနေဖြင့် ခရီးသွားထောက်ခံချက်ရယူရန်လိုအပ်သည့်အပြင် ဒေသတွင်းပြန်ဝင်ပါက PCR စက်ဖြင့် COVID 19 စစ်ဆေးမှု ခံယူရမည်ဟု ထုတ်ပြန်ထားသည်။