တာခ်ီလိတ္တြင္ ဖမ္းဆီးရမိသည့္ ဟိုက္ဒရိုကလိုရစ္ အက္ဆစ္မ်ားႏွင့္ ဆက္စပ္၍ မယ္ဆိုင္ၿမိဳ႕တြင္ ဂါလံေပါင္း (၄၂၉၂)ဂါလံ ထိုင္းရဲက ဖမ္းဆီးရမိ

တာခ်ီလိတ္တြင္ ဖမ္းဆီးရမိသည့္ ဟိုက္ဒရိုကလိုရစ္ အက္ဆစ္မ်ားႏွင့္ ဆက္စပ္၍ မယ္ဆိုင္ၿမိဳ႕တြင္ ဂါလံေပါင္း (၄၂၉၂)ဂါလံ ထိုင္းရဲက ဖမ္းဆီးရမိ
စက်တင်ဘာ 11, 2019
By Tachileik News Agency

ျမန္မာ - ထိုင္းနယ္စပ္ေဒသ၊ တာခ်ီလိတ္ၿမိဳ႕ရွိ ခ်စ္ၾကည္ေရးအမွတ္(၁)တံတားကိုျဖတ္၍ ထုိင္းနိုင္ငံမွ တင္သြင္း လာသည့္ ဟုိက္ဒရိုကလိုရစ္အက္ဆစ္ စုစုေပါင္း အေလးခ်ိန္ ဂါလံေပါင္း (၂၀၇၀)၀န္းက်င္ရွိသည့္ (၄၁၄)ပုံးကို ဖမ္းရမိၿပီးေနာက္ ထုိင္းနုိင္ငံ၊ မယ္ဆိုင္ၿမိဳ႕ရိွ ေနအိမ္တစ္လံုးမွ ဟိုက္ဒရိုကလိုရစ္အက္ဆစ္ ဂါလံေပါင္း (၄၂၉၂)ဂါလံ ကို ထိုင္းရဲတပ္ဖြဲ႔မွ စက္တင္ဘာလ (၁၀)ရက္ေန႔က ဖမ္းမိေၾကာင္း သိရသည္။

ျမန္မာ - ထိုင္း ခ်စ္ၾကည္ေရးအမွတ္(၁)တံတားတြင္ မယ္ဆုိင္ဘက္မွ ဝင္ေရာက္လာသည့္ သံုးဘီးဆုိင္ကယ္ (၂)စီးတြင္ ဝွက္၍သယ္ေဆာင္လာၿပီး ထိန္းခ်ဳပ္ဓါတုပစၥည္းမ်ားျဖစ္သည့္ ဟိုက္ဒရိုကလိုရစ္အက္ဆစ္ (၅) ဂါလံဆီပါသည့္ ပံုးေပါင္း (၁၁၅)ပံုးကို ၂၀၁၉ ခုႏွစ္၊ စက္တင္ဘာလ(၉)ရက္ေန႔ ညေနပိုင္းက ျမန္မာဘက္ျခမ္း၌ ဖမ္းဆီးရမိခဲ့သည့္အျပင္ ဆန္ဆိုင္း(ခ)ရပ္ကြက္အတြင္းရွိ ေနအိမ္ၿခံဝန္းတစ္ခုတြင္ မယ္ဆုိင္မွ တင္သြင္း လာသည့္ ဟုိက္ဒရိုကလိုရစ္အက္ဆစ္ အေလးခ်ိန္ ဂါလံ (၂၀၇၀) ကိုပါ သိမ္းဆည္းရမိခဲ့ျခင္းျဖစ္ၿပီး သယ္ေဆာင္လာသူ မ်ားကိုလည္း ဖမ္းဆီးရမိခဲ့ျခင္းျဖစ္သည္။

အဆိုပါ ဖမ္းဆီးရမိမႈႏွင့္ဆက္စပ္ၿပီး မယ္ဆုိင္ဘက္တြင္ စစ္ေဆးေဖၚထုတ္ရာမွ ဟိုက္ဒရိုကလိုရစ္အက္ဆစ္ သိုေလွာင္ထားသည့္ ဂိုေဒါင္ကို ရွာေဖြေတြ႔ရိွျခင္းျဖစ္ၿပီး တရုတ္ႏိုင္ငံသား ႏွင့္ ထိုင္းႏုိင္ငံသူ အမ်ဳိးသမီးတို႔ ႏွစ္ဦးကိုလည္း ဖမ္းဆီးရမိထားျခင္းျဖစ္ေၾကာင္း သိရသည္။

ျမန္မာႏိုင္ငံ တာခ်ီလိတ္ၿမိဳ႕တြင္ ဟုိက္ဒရိုကလိုရစ္အက္ဆစ္မ်ားႏွင့္အတူ ဖမ္းဆီးရမိသည့္ အိုက္ဆင္း၊ ေအာင္သူ၊ စိုင္းလွေမာင္ တို႔ (၃)ဦးအား တာခ်ီလိတ္ၿမိဳ႕ရဲစခန္းတြင္ မယ(ပ)၁၁၃/၂၀၁၉/မူး/စိတ္ပုဒ္မ ၁၆(ခ)/၂၁ အရ လည္းေကာင္း၊ မ်ိဳးမင္းသူ၊ စိုင္းလွေမာင္ တို႔အား တာခ်ီလိတ္ၿမိဳ႕ရဲစခန္းတြင္  မယ(ပ)၁၁၄/၂၀၁၉/မူး/စိတ္ပုဒ္မ ၁၆(ခ)/၂၁ အရ လလည္းေကာင္း၊ အိုက္လူ၊ နန္း၀င္း၊ မင္းမင္း၊ စိုင္းလွေမာင္တို႔အား တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ မယ(ပ) ၁၁၅/၂၀၁၉/မူး/စိတ္ပုဒ္မ ၁၆(ခ)/၂၁ တို႔ျဖင့္လည္းေကာင္း   အသီးသီးအမႈဖြင့္အေရးယူထားေၾကာင္း သိရသည္။

သိမ္းဆည္းရမိသည့္ ဟိုက္ဒရိုကလိုရစ္အက္ဆစ္မွာ မူးယစ္ေဆးထုတ္လုပ္ရာတြင္လည္း အသံုးျပဳႏုိင္သျဖင့္ ထိန္းခ်ဳပ္ဓါတုပစၥည္းစာရင္းတြင္ ထည့္သြင္းထားျခင္းျဖစ္ၿပီး အျခား လုပ္ငန္းသံုးအျဖစ္ တင္သြင္းလိုပါက တရားဝင္ တင္သြင္းခြင့္ ခြင့္ျပဳခ်က္လိုအပ္ျခင္းျဖစ္သည္။

Tachileik News Agency
Photo: maesaiae



~~~~~~~~⊰❂ Unicode Version ~~~~~~~~

မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ တာချီလိတ်မြို့ရှိ ချစ်ကြည်ရေးအမှတ်(၁)တံတားကိုဖြတ်၍ ထိုင်းနိုင်ငံမှ တင်သွင်း လာသည့် ဟိုက်ဒရိုကလိုရစ်အက်ဆစ် စုစုပေါင်း အလေးချိန် ဂါလံပေါင်း (၂၀၇၀)ဝန်းကျင်ရှိသည့် (၄၁၄)ပုံးကို ဖမ်းရမိပြီးနောက် ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့ရှိ နေအိမ်တစ်လုံးမှ ဟိုက်ဒရိုကလိုရစ်အက်ဆစ် ဂါလံပေါင်း (၄၂၉၂)ဂါလံ ကို ထိုင်းရဲတပ်ဖွဲ့မှ စက်တင်ဘာလ (၁၀)ရက်နေ့က ဖမ်းမိကြောင်း သိရသည်။

မြန်မာ - ထိုင်း ချစ်ကြည်ရေးအမှတ်(၁)တံတားတွင် မယ်ဆိုင်ဘက်မှ ဝင်ရောက်လာသည့် သုံးဘီးဆိုင်ကယ် (၂)စီးတွင် ဝှက်၍သယ်ဆောင်လာပြီး ထိန်းချုပ်ဓာတုပစ္စည်းများဖြစ်သည့် ဟိုက်ဒရိုကလိုရစ်အက်ဆစ် (၅) ဂါလံဆီပါသည့် ပုံးပေါင်း (၁၁၅)ပုံးကို ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ(၉)ရက်နေ့ ညနေပိုင်းက မြန်မာဘက်ခြမ်း၌ ဖမ်းဆီးရမိခဲ့သည့်အပြင် ဆန်ဆိုင်း(ခ)ရပ်ကွက်အတွင်းရှိ နေအိမ်ခြံဝန်းတစ်ခုတွင် မယ်ဆိုင်မှ တင်သွင်း လာသည့် ဟိုက်ဒရိုကလိုရစ်အက်ဆစ် အလေးချိန် ဂါလံ (၂၀၇၀) ကိုပါ သိမ်းဆည်းရမိခဲ့ခြင်းဖြစ်ပြီး သယ်ဆောင်လာသူ များကိုလည်း ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

အဆိုပါ ဖမ်းဆီးရမိမှုနှင့်ဆက်စပ်ပြီး မယ်ဆိုင်ဘက်တွင် စစ်ဆေးဖော်ထုတ်ရာမှ ဟိုက်ဒရိုကလိုရစ်အက်ဆစ် သိုလှောင်ထားသည့် ဂိုဒေါင်ကို ရှာဖွေတွေ့ရှိခြင်းဖြစ်ပြီး တရုတ်နိုင်ငံသား နှင့် ထိုင်းနိုင်ငံသူ အမျိုးသမီးတို့ နှစ်ဦးကိုလည်း ဖမ်းဆီးရမိထားခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ တာချီလိတ်မြို့တွင် ဟိုက်ဒရိုကလိုရစ်အက်ဆစ်များနှင့်အတူ ဖမ်းဆီးရမိသည့် အိုက်ဆင်း၊ အောင်သူ၊ စိုင်းလှမောင် တို့ (၃)ဦးအား တာချီလိတ်မြို့ရဲစခန်းတွင် မယ(ပ)၁၁၃/၂၀၁၉/မူး/စိတ်ပုဒ်မ ၁၆(ခ)/၂၁ အရ လည်းကောင်း၊ မျိုးမင်းသူ၊ စိုင်းလှမောင် တို့အား တာချီလိတ်မြို့ရဲစခန်းတွင် မယ(ပ)၁၁၄/၂၀၁၉/မူး/စိတ်ပုဒ်မ ၁၆(ခ)/၂၁ အရ လလည်းကောင်း၊ အိုက်လူ၊ နန်းဝင်း၊ မင်းမင်း၊ စိုင်းလှမောင်တို့အား တာချီလိတ်မြို့မရဲစခန်းတွင် မယ(ပ) ၁၁၅/၂၀၁၉/မူး/စိတ်ပုဒ်မ ၁၆(ခ)/၂၁ တို့ဖြင့်လည်းကောင်း အသီးသီးအမှုဖွင့်အရေးယူထားကြောင်း သိရသည်။

သိမ်းဆည်းရမိသည့် ဟိုက်ဒရိုကလိုရစ်အက်ဆစ်မှာ မူးယစ်ဆေးထုတ်လုပ်ရာတွင်လည်း အသုံးပြုနိုင်သဖြင့် ထိန်းချုပ်ဓာတုပစ္စည်းစာရင်းတွင် ထည့်သွင်းထားခြင်းဖြစ်ပြီး အခြား လုပ်ငန်းသုံးအဖြစ် တင်သွင်းလိုပါက တရားဝင် တင်သွင်းခွင့် ခွင့်ပြုချက်လိုအပ်ခြင်းဖြစ်သည်။

Tachileik News Agency
Photo: maesaiae

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net