တာချီလိတ်နယ်စပ်ပေါက်တွေမှာ ဝူဟန် အဆုတ်ရောင်ရောဂါ ကာကွယ်နေမှု အခြေအနေ

တာချီလိတ်နယ်စပ်ပေါက်တွေမှာ ဝူဟန် အဆုတ်ရောင်ရောဂါ ကာကွယ်နေမှု အခြေအနေ
ဖေဖော်ဝါရီ 1, 2020
By Tachileik News Agency

တင်ဆက် - ကိုဇောင်း
သတင်းရိုက်ကူး - ဟန်စိုးထိုက်

တာချီလိတ်နယ်စပ်ပေါက်တွေမှာ  ဝူဟန် အဆုတ်ရောင်ရောဂါ ကာကွယ်နေမှု အခြေအနေ

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့ရဲ့ အဓိကနယ်စပ်ပေါက်ဖြစ်တဲ့ မြန်မာ-ထိုင်း ချစ်ကြည်ရေးအမှတ်(၁)တံတားပေါ်မှာ မြန်မာနိုင်ငံတွင်း ဝင်ရောက်လာသူတိုင်းကို ကိုယ်ပူချိန်တိုင်းတာမှုများ လုပ်ဆောင်နေပြီး တံတားပေါ်မှာ ကျန်းမာရေးဌာန အဆောက်အဦးကို အမြန်ဆုံးဆောက်လုပ်သွားဖို့စီစဉ်နေတယ်ကြောင်း ရှမ်းပြည်နယ်အရှေ့ပိုင်း ပြည်နယ်ကုသရေးနဲ့ ပြည့်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမြင့်ကျော်ကပြောပါတယ်။

နယ်စပ်ဂိတ်မှာ အလိုအလျောက် အပူချိန်တိုင်းတာပေးမဲ့ သာမယ်စကင်နာစက်ကို  တပ်ဆင်နိုင်ခဲ့တဲ့အတွက် ဝင်ရောက်လာသူတိုင်းကို စစ်ဆေးနိုင်ခဲ့ကြောင်း ဒေါက်တာမြင့်ကျော်က ပြောပါတယ်

သံသယလူနာတွေတွေ့ရှိခဲ့ရင် ဆေးရုံမှာ သီးသန့်အဆောင်ထားရှိပြီး ဆရာဝန်တွေလည်းအရန်သင့်ထားရှိထားတယ်လို့ ဒေါက်တာမြင့်ကျော်က ပြောပါတယ်။

ပြည်သူတွေအနေနဲ့ ရောဂါကာကွယ်ရေးနဲ့ ထိန်းချုပ်ရေးလုပ်ငန်းတွေမှာ ပူးပေါင်းပါဝင် ဖို့လိုတယ်လို့ ဒေါက်တာမြင့်ကျော်က ပြောပါတယ်။

တာချီလိတ်မြို့နယ်အတွင်းက နယ်စပ်ဝင်ပေါက်တွေဖြစ်တဲ့ မြန်မာ-ထိုင်း ချစ်ကြည်ရေးအမှတ်(၁)တံတား၊ မြန်မာ-ထိုင်း ချစ်ကြည်ရေးအမှတ်(၂)တံတား၊ မိုင်းဖုန်း(က) ကျေးရွာအုပ်စုရှိ ဝမ်ပုံဆိပ်ကမ်းနဲ့ ကျိုင်းလပ်မြို့ မြန်မာ-လာအိုချစ်ကြည်ရေးတံတားတွေမှာ ကျန်းမာရေးဌာန၊ တပ်မတော်၊ ကြက်ခြေနီနဲ့ ဌာနဆိုင်ရာတွေပူးပေါင်းအဖွဲ့က ဝူဟန်အဆုတ်ရောင်ရောဂါ ကာကွယ်ရေးအတွက် ကိုယ်အပူချိန်တိုင်းတာမှုတွေကို လုပ်ဆောင်နေတာဖြစ်ပါတယ်။

Tachileik News Agency

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~


~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~