ရှမ်းပြည်နယ်တောင်ပိုင်းတွင် ပိတ်မိနေသည့် ကုန်တင်ယာဉ်များ၏ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များကို COVID-19 စစ်ဆေးရာ (၆)ဦးတွင် Covid-19 တွေ့

ရှမ်းပြည်နယ်တောင်ပိုင်းတွင် ပိတ်မိနေသည့် ကုန်တင်ယာဉ်များ၏ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များကို COVID-19 စစ်ဆေးရာ (၆)ဦးတွင် Covid-19 တွေ့
အောက်တိုဘာ 4, 2020
By Tachileik News Agency
ရှမ်းပြည်နယ်တောင်ပိုင်းတွင် ပိတ်မိနေသည့် ကုန်တင်ယာဉ်များ၏ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များကို COVID-19 စစ်ဆေးရာ  (၆)ဦးတွင် Covid-19 တွေ့
ရှမ်းပြည်နယ်အတွင်း COVID 19 ထိန်းချုပ်ရေးအတွက် ကုန်တင်ယာဉ်များအား ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ (၁)ရက်နေ့မှစ၍ ကန့်သတ်လိုက်၍ မန္တလေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တောင်ပိုင်းကြားတွင် ပိတ်မိနေသည့် ကုန်တင်ယာဉ်အစီးရေ (၁,၀၀၀)ခန့်၏ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအား စစ်ဆေးပေးရာ COVID 19 တွေ့ရသူ (၆)ဦးရှိကြောင်း သိရသည်။
“ဒီကနေ့မှာဆိုရင် မန္တလေးတိုင်းနဲ့ ရှမ်းပြည်နယ်စပ်တွင် ပိတ်မိနေတဲ့ ရှမ်းပြည်နယ်တောင်ပိုင်းကို (၃) ရက်အတွင်း ဝင်ရောက်လာတဲ့ ကုန်တင်ကားအစီးရေ (၁,၀၀၀) ခန့်ကို RDT ( Rapid Antigen Diagnostic Test kit ) နဲ့ စစ်ဆေးပြီးသွားပါပြီ။ ပိတ်ဆို့မှုကိုလည်း အောင်မြင်စွာ ရှင်းလင်းပြီးဆုံးခဲ့ပါပြီ။ Positive လူနာ (၆) ဦးတွေ့ရှိရပါတယ်။ ယင်းလူနာများကို ကလောဆေးရုံမှာ ထားရှိပြီး ဆေးကုသမှုခံယူလျှက်ရှိပြီး ကျန်းမာရေးကောင်းမွန်နေကြောင်းသိရှိရပါတယ်။”ဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးညွန့်လွင်က လူမှုကွန်ယက်စာမျက်နှာမှတစ်ဆင့် ၂၀၂၀ခုနှစ် အောက်တိုဘာလ(၄)ရက်နေ့ ညပိုင်းတွင် သတင်းထုတ်ပြန်ပေးထားသည်။
ရှမ်းပြည်နယ်အတွင်း အောက်တိုဘာလ (၁) ရက်နေ့မှ (၁၄) ရက်နေ့အထိ ကာလအတွင်း ပြည်နယ်ပြင်ပမှ ကုန်တင်ယာဉ်များမှ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်များ COVID 19 ကင်းရှင်းကြောင်း ကျန်းမာရေးထောက်ခံချက်ပါမှ ဝင်ခွင့်ပြုရန်နှင့် ပြည်နယ်တွင်းမှ ကုန်တင်ယာဉ်များ ပြည်နယ်ပြင်ပထွက်ခွာခွင့် ယာယီကန့်သတ်လိုက်သဖြင့် နယ်စပ်ကုန်သွယ်ရေးလမ်းမပေါ်ရှိ ကုန်တင်ယာဉ်အချို့ ပိတ်မိနေကြရာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက COVID 19 Rapid Test Kit ပံ့ပိုးပေးပြီး အခမဲ့စစ်ဆေးပေးနေခြင်းဖြစ်သည်။
ရှမ်းပြည်နယ်တောင်ပိုင်း ကုန်သွယ်ရေးလမ်းတလျှောက်တွင် ပိတ်မိနေသည့် ကုန်တင်ယာဉ်များမှ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်နှင့် ယာဉ်ပေါ်ပါသူများအား အောက်တိုဘာလ(၂)ရက်နေ့မှစ၍ (၄)ရက်နေ့အထိ ကလောမြို့ ရေယားစစ်ဆေးရေးဂိတ်၌ စစ်ဆေးပေးရာ COVID 19 ပိုးတွေ့ရသူ (၆)ဦးတွေ့ရသဖြင့် ကလောပြည်သူ့ဆေးရုံ၌ ကုသပေးနေကြောင်း သိရသည်။
Tachileik News Agency
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~