အောက်တိုဘာလ(၁၂)ရက်နေ့တွင် နိုင်ငံအတွင်း Covid-19 လူနာ (၁,၃၄၄)ဦး ထပ်တိုး

အောက်တိုဘာလ(၁၂)ရက်နေ့တွင် နိုင်ငံအတွင်း Covid-19 လူနာ (၁,၃၄၄)ဦး ထပ်တိုး
အောက်တိုဘာ 12, 2020
By Tachileik News Agency

အောက်တိုဘာလ(၁၂)ရက်နေ့တွင် နိုင်ငံအတွင်း Covid-19 လူနာ (၁,၃၄၄)ဦး ထပ်တိုး

နိုင်ငံအတွင်း ဒေသသီးသီးမှ ဓါတ်ခွဲနမူနာများကို စစ်ဆေးရာ အတည်ပြုလူနာ စုစုပေါင်း ( ၁,၃၄၄ )ဦး ထပ်တိုးကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ၂၀၂၀ခုနှစ် အောက်တိုဘာလ(၁၂)ရက်နေ့ ညပိုင်းတွင် သတင်းထုတ်ပြန်ထားရှိသည်။

အောက်တိုဘာလ(၁၂)ရက်နေ့တွင် အတည်ပြုလူနာ (၁,၃၄၄)ဦး ထပ်တိုးလာသည့်အပြင် သေဆုံးသူလည်း (၁၈)ဦး ထပ်တိုးလာကြောင်း သိရသည်။

နိုင်ငံအတွင်း၌ ၂၀၂၀ခုနှစ် မတ်လ(၂၃)ရက်နေ့မှ အောက်တိုဘာလ(၁၂)ရက်နေ့အထိ Covid-19 ကူးစက်ခံရသူ စုစုပေါင်း (၂၉,၃၁၄)ဦးရှိရာ သေဆုံးသူမှာ စုစုပေါင်း (၆၆၄)ဦးအထိရှိခဲ့ပြီး သက်သာပျောက်ကင်းသူမှာ (၁၀,၂၆၀)ဦးအထိ ရှိလာ၍ လက်ရှိတွင် ဒေသအသီးသီးရှိ ဆေးရုံများတွင် ကုသမှု ခံယူနေသူ စုစုပေါင်း (၁၈,၃၉၀)ဦးရှိနေသည်။

မြန်မာနိုင်ငံအတွင်း၌ Test Kid များဖြင့်  Covid-19 စစ်ဆေးမှုကို အောက်တိုဘာလအတွင်းက စ၍ တိုးမြှင့်လုပ်ဆောင်နေသည့်အတွက် စစ်ဆေးသည့် အရေအတွက်များလားသည့် နည်းတူ အတည်ပြုလူနာများကိုလည်း အချိန်တိုအတွင်း အရေအတွက်များများ စစ်ဆေးတွေ့ရှိလာခြင်း ဖြစ်ကြောင်း သိရသည်။

အောက်တိုဘာလ(၁၂)ရက်နေ့တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်ခရိုင်အတွင်းရှိ မိုင်းဆတ် နှင့် မိုင်းတုံမြို့တို့တွင် Covid-19 အတည်ပြုလူနာ (၂)ဦး စစ်ဆေးတွေ့ရှိ၍ ရှမ်းပြည်နယ်(အရှေ့ပိုင်း)တွင် အတည်ပြုလူနာ စုစုစုပေါင်း (၈)ဦးရှိရာ (၆)ဦးမှာ ဆေးရုံမှ ဆင်းသွားကြပြီဖြစ်ကြောင်း သိရှိရသည်။
  Tachileik News Agency

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~