မကွေးတိုင်းဒေသကြီးအတွင်း မြို့နယ်ပေါင်း(၈)မြို့နယ်တွင် Covid-19 အတည်ပြုလူနာ (၁၆)ဦး ထပ်တိုးတွေ့ရှိ

မကွေးတိုင်းဒေသကြီးအတွင်း မြို့နယ်ပေါင်း(၈)မြို့နယ်တွင် Covid-19 အတည်ပြုလူနာ (၁၆)ဦး ထပ်တိုးတွေ့ရှိ
အောက်တိုဘာ 4, 2020
By Tachileik News Agency

မကွေးတိုင်းဒေသကြီးအတွင်း မြို့နယ်ပေါင်း(၈)မြို့နယ်တွင် Covid-19 အတည်ပြုလူနာ (၁၆)ဦး ထပ်တိုးတွေ့ရှိ

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ အောက်တိုဘာလ (၄)ရက်နေ့ ည(၈)နာရီအချိန် ထုတ်ပြန်ချက်အရ မကွေးတိုင်းဒေသကြီးအတွင်း မြို့နယ်ပေါင်း (၈)မြို့နယ်မှ COVID-19 အတည်ပြုလူနာ (၁၆)ဦး စံချိန်တင် ထပ်တိုးတွေ့ရှိ၍ မကွေးတိုင်းဒေသကြီးတွင် ပိုးတွေ့အတည်ပြုလူနာ (၆၇)ဦးအထိ ရှိလာပြီဖြစ်ကြောင်း  သိရသည်။
“အားလုံး  Quarantine  ထဲက ဖြစ်နေတာမို့ ကံကောင်းနေသေးပေမယ့် စည်းမဲ့ကမ်းမဲ့ တစ်ယောက် တလေ ရှိခဲ့ရင် တစ်မိသားစုလုံး၊ တစ်ရပ်ကွက်လုံး၊ တစ်ရွာလုံး၊ တစ်မြို့လုံး၊ ဒုက္ခရောက်နိုင်ပါတယ်။ မပေါ့ဆကြဖို့ပဲ ပြောချင်ပါတယ်”ဟု မကွေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ ခင်မောင်သန်း က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
အသစ်ထပ်တိုးသည့် COVID-19 အတည်ပြုလူနာ (၁၆)ဦးတွင် ရန်ကုန်ပြန်များဖြစ်သည့် ဆင်ပေါင်ဝဲမြို့နယ်မှ အမျိုးသား(၁)ဦး၊ မကွေးမြို့နယ်မှ အမျိုးသား(၃)ဦး နှင့် အမျိုးသမီး(၁)ဦး၊ ရေနံချောင်းမြို့နယ်မှ အမျိုးသား (၂)ဦး နှင့် အမျိုးသမီး (၂)ဦး၊ မင်းဘူးမြို့နယ်မှ အမျိုးသမီး(၂)ဦး၊ နတ်မောက်မြို့နယ်မှ အမျိုးသမီး(၁)ဦး၊ မြို့သစ်မြို့နယ်မှ အမျိုးသမီး(၁)ဦး စုစုပေါင်း (၁၃)ဦး ဖြစ်သည်။

ယင်းအပြင် မန္တလေးမှ ပြန်လာသည့် ပခုက္ကူမြို့နယ်မှ အမျိုးသား(၁)ဦး နှင့် ထိုင်းနိုင်ငံမှ ပြန်လာသည့်  ဆင်ပေါင်ဝဲမြို့နယ်မှ အမျိုးသား(၁)ဦး၊ သရက်မြို့နယ်မှ အမျိုးသမီး (၁)ဦးတို့လည်း ပါဝင်သည်။

မကွေးတိုင်းတွင် COVID-19 ပိုးတွေ့အတည်ပြုလူနာ စုစုပေါင်း(၅၁)ဦးရှိခဲ့ရာမှ ယနေ့(၁၆)ဦး စံချိန်တင် ထပ်တိုးတွေ့ရှိရ၍ စုစုပေါင်း(၆၇)ဦး ရှိလာပြီဖြစ်ပြီး ဆေးရုံတက်ရောက်ကုသမှုခံယူနေရသူ(၃၇)ဦး ဖြစ်လာကာ ဆေးရုံမှဆင်းခွင့်ရသူ(၃၀)ဦး ဖြစ်ကြောင်း သိရပြီး မကွေးတိုင်းဒေသကြီးအတွင်း (၂၅)မြို့နယ်ရှိသည့် အနက် ပိုးတွေ့သည့်မြို့နယ်မှာ (၁၆)မြို့နယ်အထိ ဖြစ်လာကြောင်း မကွေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနထံက သိရှိရသည်။
Tachileik News Agency
သတင်း - ဖီးနစ်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~