မကွေးမြသလွန် ဘုရားပွဲတော်တွင် ဆိုင်ခန်းပေါင်း (၁၂၀၀)ကျော် လာရောက်ဖွင့်လှစ်ထား

မကွေးမြသလွန် ဘုရားပွဲတော်တွင် ဆိုင်ခန်းပေါင်း (၁၂၀၀)ကျော် လာရောက်ဖွင့်လှစ်ထား
အောက်တိုဘာ 14, 2019
By Tachileik News Agency
မကွေးမြသလွန် ဘုရားပွဲတော်တွင် ဆိုင်ခန်းပေါင်း (၁၂၀၀)ကျော် လာရောက်ဖွင့်လှစ်ထား

မကွေးမြို့၊ မြသလွန်စေတီတွင် ရက်ပေါင်း (၂၀)ကြာ ကျင်းပနေသည့် ဗုဒ္ဓပူဇနိယဘုရားပွဲ၌ ဒေသထွက်ကုန်များ လာရောက်ရောင်းချနေသည့် ဆိုင်ခန်းပေါင်း (၁၂၃၀) ရှိနေကြောင်း သိရသည်။

အဆိုပါ ဘုရားပွဲတော်ကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၈)ရက်နေ့က စတင်ကာ အောက်တိုဘာလ (၂၇)ရက်နေ့အထိ ကျင်းပနခြေင်း ဖြစ်ပြီး အနယ်နယ်အရပ်ရပ်မှ (၁၂) ပွဲဈေးသည်များက နိဗ္ဗာန်ကုန်၊ ကလေး ကစားစရာပစ္စည်း၊ အဝတ်အထည်နှင့် လူသုံးကုန်အမျိုးမျိုး၊ ဆေးရွက်ကြီး၊ သင်ဖြူး၊ ဖျာ၊ တောင်း၊ စကော၊ စကာအမျိုးမျိုး၊ စားစရာအမျိုးမျိုးနှင့် လယ်၊ယာ၊ကျွဲ၊နွားသုံးပစ္စည်း စသည်တို့ကို ရောင်းချသည့် ဆိုင်ခန်းပေါင်း (၁၂၃၀)ခန်းရှိအပြင် ဇာတ်ပွဲများ၊ ချား၊ ရဟတ်နှင့် ကလေးကစားကွင်းများလည်း ဖွင့်လှစ်ထားခြင်း ဖြစ်သည်။

မြသလွန်စေတီတွင် သစ်သီး၊ ဆွမ်း၊ ပန်း (၉၀၀၀)နှင့် ဒေသထွက် နှမ်းဆီ၊ပဲဆီများဖြင့် ဆီမီး (၉၀၀၀) ကပ်လှူပူဇော်ပွဲကိုလည်း အောက်တိုဘာလ (၁၃) ရက်နေ့က စေတီတော်ရင်ပြင်၌ ကျင်းပခဲ့ခြင်းဖြစ်သည်။

သတင်း - ဖီးနစ်
ဓာတ်ပုံ - နန္ဒ၊ ဖီးနစ်



~~~~~~~~⊰❂ Zawgyi Version ~~~~~~~~



အဆိုပါ ဘုရားပွဲတော်ကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၈)ရက်နေ့က စတင်ကာ အောက်တိုဘာလ(၂၇)ရက်နေ့အထိ ကျင်းပနေခြင်း ဖြစ်ပြီး အနယ်နယ်အရပ်ရပ်မှ (၁၂) ပွဲဈေးသည်များက နိဗ္ဗာန်ကုန်၊ ကလေး ကစားစရာပစ္စည်း၊ အဝတ်အထည်နှင့် လူသုံးကုန်အမျိုးမျိုး၊ ဆေးရွက်ကြီး၊  သင်ဖြူး၊ ဖျာ၊ တောင်း၊ စကော၊ စကာအမျိုးမျိုး၊ စားစရာအမျိုးမျိုးနှင့် လယ်၊ယာ၊ကျွဲ၊နွားသုံးပစ္စည်း စသည်တို့ကို ရောင်းချသည့် ဆိုင်ခန်းပေါင်း (၁၂၃၀)ခန်းရှိအပြင် ဇာတ်ပွဲများ၊ ချား၊ ရဟတ်နှင့် ကလေးကစားကွင်းများလည်း ဖွင့်လှစ်ထားခြင်း ဖြစ်သည်။


သတင်း - ဖီးနစ်
ဓါတ်ပုံ - နန္ဒ ၊ ဖီးနစ်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net