သင်သိပါသလား…………

သင်သိပါသလား…………
သြဂုတ် 30, 2020
By Tachileik News Agency
သင်သိပါသလား…………
ရခိုင်ပြည်နယ်က လာရောက်သူတွေကို ဘာကြောင့် သက်ဆိုင်ရာကို အကြောင်းကြားခိုင်းသလဲဆိုတာ...
ရခိုင်ပြည်နယ်မှ COVID 19 ရောဂါပိုး၏ မျိုးဗီဇအစိတ်အပိုင်းတစ်ခု ပြောင်းလဲနေပြီး ကူးစက်မှုမြန်ဆန်နေပြီး အတည်ပြုလူနာများ၏ (၇၉) ရာခိုင်နှုန်းမှာ ရောဂါလက္ခဏာမပြဘဲ အမြင်အားဖြင့်  နေကောင်းနေသူများဖြစ်ပါသည်။
သြဂုတ်လ (၁၆)ရက်နေ့မှစ၍ ကူးစက်မှု ရုတ်တရက်များပြားလာခြင်းသည် COVID-19 ကူးစက်ခံနေသူများသည် မိမိ၌ ရောဂါဖြစ်ပွားနေသည်ကို မသိရှိဘဲ ခရီးသွားလာမှုများပြားခဲ့ကာ လူအများနှင့် ထိတွေ့မိခဲ့ခြင်းကြောင့် ဖြစ်ပါသည်။
သို့ဖြစ်၍ ရောဂါကူးစက်မှုမြင့်မားနေသည့် ရခိုင်ပြည်နယ်တွင်း ဒေသများမှ  ၂၀၂၀ ခုနှစ်၊ သြဂုတ်လ (၉)ရက်နောက်ပိုင်း အခြားဒေသများသို့ ရောက်နေသူများအနေဖြင့် နီးစပ်ရာ ကျန်းမာရေးဌာနနှင့် အုပ်ချုပ်ရေးအဖွဲ့များထံ ဆက်သွယ်၍ ကျန်းမာရေးစစ်ဆေးမှု ခံယူရန် လိုအပ်ပါသည်။
မိမိကိုယ်တိုင်၊ မိသားစုနှင့် နီးစပ်ရာများသို့ ရောဂါကူးစက်မှုမှ အချိန်မီ ကာကွယ်နိုင်ရန် ကျန်းမာရေးစစ်ဆေးမှု အမြန်ဆုံးခံယူရန် လိုအပ်ပါသည်။
COVID 19 ဓာတ်ခွဲစစ်ဆေးမှု ခံယူခြင်းနဲ့ လိုအပ်၍ ကုသမှုခံယူရပါကလည်း နိုင်ငံတော်က အခမဲ့ စမ်းသပ်ကုသပေးနေခြင်း ဖြစ်ပါသည်။
[COVID 19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီမှ ၂၀၂၀ ခုနှစ်၊ သြဂုတ်လ (၂၆)ရက်နေ့ ပြည်သူသို့ ပန်ကြားချက်ထုတ်ပြန်ထားပါသည်။]


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~