တာချီလိတ်မြို့နယ်အတွင်းရှိ တပ်ရင်း၊ တပ်ဖွဲ့ (၉) ဖွဲ့အတွက် ကြိုတင်ဆန္ဒမဲပေးနိုင်ရန် မဲလက်မှတ် (၉၀၀) ကျော်ထုတ်ပေးထား

တာချီလိတ်မြို့နယ်အတွင်းရှိ တပ်ရင်း၊ တပ်ဖွဲ့ (၉) ဖွဲ့အတွက် ကြိုတင်ဆန္ဒမဲပေးနိုင်ရန် မဲလက်မှတ် (၉၀၀) ကျော်ထုတ်ပေးထား
အောက်တိုဘာ 7, 2020
By Tachileik News Agency
တာချီလိတ်မြို့နယ်အတွင်းရှိ တပ်ရင်း၊ တပ်ဖွဲ့ (၉) ဖွဲ့အတွက် ကြိုတင်ဆန္ဒမဲပေးနိုင်ရန်  မဲလက်မှတ် (၉၀၀) ကျော်ထုတ်ပေးထား
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ်အတွင်းရှိ တပ်ရင်း၊ တပ်ဖွဲ့ (၉) ဖွဲ့မှ မဲဆန္ဒနယ်ပြင်ပရောက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် တပ်မတော်သားများနှင့် အိမ်ထောင်စုဝင်များ ကြိုတင်ဆန္ဒမဲပေးနိုင်ရန်အတွက် မဲလက်မှတ် (၉၀၀) ကျော်ကို ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ (၇) ရက်နေ့က ထုတ်ပေးထားသည်။
"တပ်မတော်အတွင်းမှာရှိနေတဲ့ တပ်မတော်သားတွေနဲ့ အတူနေမိသားစုဝင်တွေက ရွေးကောက်ပွဲအတွင်းမှာ ကိုယ်တိုင်လာရောက် မဲမပေးနိုင်ဘူးဆိုရင် သူတို့ကို ကြိုတင်ဆန္ဒမဲနဲ့ ဆောင်ရွက်ပေးရမယ်လို့ ညွှန်ကြားထားတာရှိတယ်။ အဲဒီနေ့မှာ ခရီးသွားလာရမယ့်သူတွေ၊ မကျန်းမာတဲ့သူတွေ၊ တာဝန်ထမ်းဆောင်ရမယ့်သူတွေ၊ သင်တန်းတက်နေတဲ့သူတွေ ပါတာပေါ့။ တာချီလိတ်တပ်နယ်နဲ့  တာလေတပ်နယ် (၂) နယ်ပေါင်း ကြိုတင်မဲထုတ်ပေးထားတာ (၉၀၀) ကျော်ရှိပါတယ်"ဟု တာချီလိတ်မြို့နယ်ရွေးကောက်ပွဲကော်မရှင်(အဖွဲ့ခွဲ) ဥက္ကဌ ဦးအောင်မင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
တာချီလိတ်မြို့နှင့် တာလေမြို့တို့တွင် အခြေပြုသည့် ခမရ(၃၃၁)၊ ခမရ(၃၅၉)၊ ခမရ(၅၂၆)၊ ခမရ(၅၇၁)၊ ခမရ(၅၇၂)၊ ခမရ(၃၁၆)၊ အမတ(၃၈၈)၊ စစ်ဗျူဟာအခြေချနှင့် (၁၀၀၉) နယ်ခြားစောင့်တပ်များအတွက် ကြိုတင်မဲလက်မှတ်များထုတ်ပေးခဲ့ခြင်းဖြစ်ပြီး ကြိုတင်မဲများကို အောက်တိုဘာလ (၈) ရက်နေ့မှ (၂၁) ရက်နေ့အထိ သက်ဆိုင်ရာတပ်ရင်း၊ တပ်ဖွဲ့အကြီးအကဲများ၏ အစီအစဉ်ဖြင့် သင့်လျော်သည့်ရက်အတွင်း စီစဉ်ဆောင်ရွက်နိုင်ကြောင်း သိရသည်။
၂၀၂၀ ခုနှစ် နိုဝင်ဘာလ (၈) ရက်နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးခွင့်ရှိသူအားလုံး မဲပေးခွင့်ရရှိရေးအတွက် ဆေးရုံများ၊ သင်တန်းကျောင်းများ၊ Quarantine Center များတွင် ရောက်ရှိနေသူများနှင့် ပြစ်ဒဏ်ကျခံရခြင်းမရှိသေးသည့် အချုပ်ကျခံနေရသူများပါ မဲပေးခွင့်ရရှိရန်အတွက် တာချီလိတ်မြို့နယ်ရွေးကောက်ပွဲကော်မရှင်(အဖွဲ့ခွဲ)မှ စီစဉ်ဆောင်ရွက်ထားကြောင်း သိရသည်။

Tachileik News Agency

သတင်း - ဟန်စိုးထိုက်
 ဓါတ်ပုံ - ကျော်ဇင်ဟိန်း

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~