မိုင်းခတ်ဘက်မှ ကျိုင်းတုံဘက်သို့ လာသည့် အမျိုးသားအား ဝမ်တာပုံပူးပေါင်းစစ်ဆေးရေးဂိတ်တွင် စိတ်ကြွဆေးပြား နှင့် အတူ ဖမ်းမိ

မိုင်းခတ်ဘက်မှ ကျိုင်းတုံဘက်သို့ လာသည့် အမျိုးသားအား ဝမ်တာပုံပူးပေါင်းစစ်ဆေးရေးဂိတ်တွင် စိတ်ကြွဆေးပြား နှင့် အတူ ဖမ်းမိ
ဒီဇင်ဘာ 12, 2019
By Tachileik News Agency

ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ်၊ ဝမ်တာပုံပူးပေါင်းစစ်ဆေးရေးစခန်းတွင် မော်တော်ဆိုင်ကယ် စီးနင်းလာသူတစ်ဦးထံမှ စိတ်ကြွရူးသွပ်ဆေးပြား (၄၀၀၀) ကို ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၁၁) ရက်နေ့ ညနေ (၅)နာရီခွဲက ဖမ်းဆီးရမိကြောင်း သိရသည်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းအဖွဲ့သည် ဝမ်တာပုံ ပူးပေါင်းစစ်ဆေးရေးစခန်းရှေ့တွင် ရှာဖွေစစ်ဆေးနေစဉ် မိုင်းခတ်မြို့ဘက်မှ ကျိုင်းတုံမြို့ဘက်သို့ ဆိုင်ကယ်မောင်းနှင်လာသည့် အားဘာကို စစ်ဆေးရာ ဆိုင်ကယ်ခွကြားတွင် တင်ဆောင်လာသည့် ကျောပိုးအိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား (၄၀၀၀) ကို တွေ့ရှိ သိမ်းဆည်း ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသည့်   အားဘာကို ကျိုင်းတုံမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

Tachileik News Agency

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~