တာချီလိတ် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဦးစီးအရာရှိ Civil Disobedience Campaign တွင် ပါဝင်လာ

 တာချီလိတ် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဦးစီးအရာရှိ Civil Disobedience Campaign တွင် ပါဝင်လာ
ဖေဖော်ဝါရီ 4, 2021 | နိုင်ငံရေး| ရှမ်းရှေ့
By Tachileik News Agency

နိုင်ငံတော်အာဏာသိမ်းခံရမှုကို လက်မခံသည့် နိုင်ငံ့ဝန်ထမ်းများ၏ Civil Disobedience Campaign တွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့မှ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဦးစီးအရာရှိ(သွားကျန်းမာ)လည်း ၂၀၂၁ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၄)ရက်နေ့တွင် ပါဝင်လုပ်ဆောင်လာသည်။

တာချီလိတ်မြို့ရှိ ခရိုင်ပြည်သူ့ဆေးရုံမှ လက်ထောက် ဆရာဝန်များက Civil Disobedience Campaign တွင် ပါဝင်လုပ်ဆောင်နေကြပြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများကလည်း အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်းပြသသည့် ဖဲကြိုးနီလှုပ်ရှားမှု (Red Ribbon Campaign) ကို လုပ်ဆောင်နေကြခြင်းဖြစ်သည်။



တပ်မတော်က ဖေဖေါ်ဝါရီလ (၁) ရက်နေ့တွင် နိုင်ငံတော်အာဏာသိမ်းမှုကို လက်မခံသည့် နိုင်ငံ့ဝန်ထမ်းများက Civil Disobedience Campaign၊ Red Ribbon Campaign တို့ကို ဖေဖေါ်ဝါရီလ (၃) ရက်နေ့မှစ၍ လုပ်ဆောင်နေကြခြင်းဖြစ်သည်။

Tachileik News Agency