တာချီလိတ်မြို့တွင် ရှောင်တခင်စစ်ဆေးမှုများ ဆောင်ရွက်ရာမှ တဆင့် စိတ်ကြွဆေးပြား (၂)သိန်း ဖမ်းမိ

တာချီလိတ်မြို့တွင် ရှောင်တခင်စစ်ဆေးမှုများ ဆောင်ရွက်ရာမှ တဆင့် စိတ်ကြွဆေးပြား (၂)သိန်း ဖမ်းမိ
သြဂုတ် 20, 2020
By Tachileik News Agency
တာချီလိတ်မြို့တွင် ရှောင်တခင်စစ်ဆေးမှုများ ဆောင်ရွက်ရာမှ တဆင့် စိတ်ကြွဆေးပြား (၂)သိန်း ဖမ်းမိ
မြန်မာ - ထိုင်း နယ်စပ်ဒေသ တာချီလိတ်မြို့တွင် ရှောင်တခင်စစ်ဆေးမှုများ ဆောင်ရွက်ရာမှ တဆင့် မူးယစ်ဆေးဝါးများ သယ်ဆောင်လာသူများကို ပူးပေါင်းအဖွဲ့က ၂၀၂၀ ခုနှစ် သြဂုတ်လ (၁၉) ရက်နေ့ ညက  ဖမ်းဆီးရမိကြောင်း သိရသည်။
တာချီလိတ်မြို့ ရန်အောင်မြေရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအနီးတွင် ၂၀၂၀ခုနှစ် ဩဂုတ်လ(၁၉)ရက်နေ့ ညနေ(၆)နာရီခွဲဝန်းကျင်အချိန်က ပူးပေါင်းအဖွဲ့မှ  ရှောင်တခင် စစ်ဆေးမှုများ ဆောင်ရွက်နေစဉ် ပါလျှံ(၂)၊ ရန်အောင်မြေရပ်ကွက်မှ ပါဆတ်ရပ်ကွက်ဘက်သို့ မောင်းနှင်လာသည့် Wave ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရာတွင် မူးယစ်ဆေးဝါးသယ်ဆောင်လာသည့် မော်တော်ယာဉ်အတွက် ရှေ့ပြေးအဖြစ်မောင်းနှင်လာခြင်းဖြစ်ကြောင်း မသင်္ကာဖွယ် စစ်ဆေးပေါ်ပေါက်သဖြင့် လိုက်လံဖမ်းဆီးရာမှ ပါဆတ်ရပ်ကွက်အတွင်း ရွာသစ်သွားလမ်းမပေါ်တွင် CROWN အမျိုးအစား အဖြူရောင်မော်တော်ယာဉ်ကို WY စာတမ်းပါ လိမ္မော်ရောင်စိတ်ကြွရူးသွပ်ဆေးပြား (၂၀၀,၀၀၀) နှင့်အတူ ဖမ်းစီးရမိခဲ့ခြင်းဖြစ်သည်။
"ကိုယ်တို့ ခရိုင်မှူးတို့ ကြီးကြပ်မှုနဲ့အတူ သတင်းအရစောင့်ဆိုင်းဖမ်းစီးတာပေါ့။ သူတို့ရှာဖွေလိုက်တဲ့အခါ မူးယစ်ဆေးဝါး နှစ်သိန်းရရှိတာပေါ့။ ဦးဆောင်ဖမ်းတာက ကျွန်တော်တို့နယ်မြေရဲစခန်းက ဦးဆောင်ဖမ်းတာပါ။ ကားတစ်စီး၊ ဆေးပြားနှစ်သိန်း၊ တရားခံ (၂) ဦးနဲ့ ဆိုင်ကယ်တစ်စီးပါ ပါတယ်"ဟု တာချီလိတ်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးညီညီဌေးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းစီးရမိသည့်  စိုးမင်းနိုင်(ခ)အားဟူနှင့် စိုင်းဆွေတို့ (၂) ဦးကို တာချီလိတ်မြို့မရဲစခန်းတွင် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ 
Tachileik News Agency
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~