ကယားပြည်နယ် လွိုင်ကော်မြို့တွင် ရန်ကုန်မှ ပြန်လာသူတစ်ဦး၌ COVID 19 ပိုးတွေ့၍ ကယားပြည်နယ်၏ ပထမဆုံး အတည်ပြုလူနာ ဖြစ်လာ

ကယားပြည်နယ် လွိုင်ကော်မြို့တွင် ရန်ကုန်မှ ပြန်လာသူတစ်ဦး၌ COVID 19 ပိုးတွေ့၍ ကယားပြည်နယ်၏ ပထမဆုံး အတည်ပြုလူနာ ဖြစ်လာ
အောက်တိုဘာ 15, 2020
By Tachileik News Agency
ကယားပြည်နယ် လွိုင်ကော်မြို့တွင်  ရန်ကုန်မှ ပြန်လာသူတစ်ဦး၌ COVID 19 ပိုးတွေ့၍ ကယားပြည်နယ်၏ ပထမဆုံး အတည်ပြုလူနာ ဖြစ်လာ 
ကယားပြည်နယ်တွင်  ရန်ကုန်မှ ပြန်လာသူတစ်ဦး၌ COVID 19 ပိုးတွေ့ရကြောင်း ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ (၁၅)ရက်နေ့၏ ဓာတ်ခွဲအဖြေအရ သိရသည့်အတွက် ကယားပြည်နယ်၏ ပထမဆုံး COVID 19 အတည်ပြုလူနာကို တွေ့လာရခြင်းဖြစ်သည်။
“သူက ကျန်းမာရေးကောင်းမွန်တယ်။ ဖျားတာ၊ နာတာမရှိပါဘူး။ သူ့ကို quarantine center ကနေ လွိုင်ကော်ပြည်သူ့ဆေးရုံကြီးမှာရှိတဲ့ ပိုးတွေ့လူနာများကို ထားရှိကုသမယ့်နေရာမှာထားပြီး စောင့်ကြည့် ကုသပေးမှာပါ”ဟု  ကယားပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ ဦးစီးမှူး ဒေါက်တာ ဌေးလွင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
အတည်ပြုလူနာဖြစ်သွားသူမှာ သူနာပြုဝန်ထမ်းအမျိုးသမီးတစ်ဦးဖြစ်ပြီး ရန်ကုန်မြို့တွင် သင်တန်းတက်ရောက်ပြီးနောက် အောက်တိုဘာလ (၅) ရက်နေ့၌ ရန်ကုန်မှ လွိုင်ကော်သို့ ကိုယ်ပိုင်အငှားယာဉ်ဖြင့် ပြန်လာခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ အမျိုးသားအမျိုးသမီးသည် ကယားပြည်နယ်သို့အဝင် ပီးကင်းကောခူစစ်ဆေးရးဂိတ်သို့ အောက်တိုဘာလ (၆)ရက်နေ့တွင် ရောက်ရှိလာရာ ရွှေလွိုင်ကော်လူမှုကူညီရေးအသင်းကားဖြင့် ပညာရေးကောလိပ် (လွိုင်ကော်) ရှိ Quarantine စင်တာသို့ ပို့ထားကာ ဓာတ်ခွဲနမူနာ ရယူစစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အတည်ပြုလူနာမှာ ကျန်းမာရေးအခြေအနေကောင်းမွန်နေပြီး လွိုင်ကော်ပြည်သူ့ဆေးရုံကြီး၌ ကုသပေးသွားမည်ဖြစ်ကြောင်း သိရသည်။
Tachileik News Agency
သတင်း - ဆန်းဖြိူးထွန်း
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~