ဒီးမော့ဆိုတွင် စစ်ရှောင်များရှိရာနေရာကို အာဏာသိမ်းစစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်တိုက်ခိုက်၍ စစ်ရှောင်တစ်ဦး ဒဏ်ရာရ

Photo: ပြည်သူ့ကာကွယ်ရေးတပ် - ဒီးမော့ဆိုမြို့နယ်
Photo: ပြည်သူ့ကာကွယ်ရေးတပ် - ဒီးမော့ဆိုမြို့နယ်
ဒီးမော့ဆိုတွင် စစ်ရှောင်များရှိရာနေရာကို အာဏာသိမ်းစစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်တိုက်ခိုက်၍ စစ်ရှောင်တစ်ဦး ဒဏ်ရာရ
ဖေဖော်ဝါရီ 10, 2022 | ကယား

ကရင်နီ(ကယား)ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊   မြလဲကျေးရွာအုပ်စုအတွင်းရှိ စစ်ရှောင်များရှိရာနေရာကို အာဏာသိမ်းစစ်ကောင်စီတပ်က ယနေ့ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၀) ရက်နေ့ နံနက် (၃) နာရီဝန်းကျင်တွင် လက်နက်ကြီးဖြင့် ပစ်ခတ်သဖြင့် စစ်ရှောင်တစ်ဦးဒဏ်ရာရရှိသွားကြောင်း သိရသည်။

အာဏာသိမ်းစစ်ကောင်စီတပ်က စစ်ရှောင်များနေထိုင်ရာဘက်ကို လက်နက်ကြီး (၅) လုံးပစ်ခတ်ခဲ့ရာ အသက်(၄၅)နှစ်အရွယ် အမျိုးသားတစ်ဦး ထိမှန်ခဲ့သည့်အပြင်  ခရစ်ယာန်ဘုရား ကျောင်း(၁)ကျောင်း၊ စပါးကျီ(၁)လုံး၊ နေအိမ်(၁)လုံးနှင့် အိမ်သာ(၁)လုံး လက်နက်ကြီးထိမှန်ပျက်စီးခဲ့ကြောင်း သိရသည်။

ယင်းသို့ လက်နက်ကြီးပစ်ခတ်တိုက်ခိုက်ခံရမှုကြောင့် စစ်ဘေးရှောင်များနှင့် ဒေသခံများမှာ ဘေးလွတ်ရာသို့ ထပ်မံတိမ်းရှောင်ခဲ့ကြရသည်ဟု သိရသည်။

 

ကရင်နီပြည်နယ်အတွင်း အာဏာသိမ်းစစ်ကောင်စီတပ်က စစ်ဘေးရှောင်စခန်းအား လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အပြင် စစ်ဘေးရှောင်နေရာကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှု (၃) ကြိမ်ရှိသွားပြီဖြစ်သည်။