တာချီလိတ်မြို့နယ်အတွင်း မဲဆန္ဒနယ်များတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော်(၃)ရပ်မှ ကိုယ်စားလှယ်လောင်းများ

တာချီလိတ်မြို့နယ်အတွင်း မဲဆန္ဒနယ်များတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော်(၃)ရပ်မှ ကိုယ်စားလှယ်လောင်းများ
အောက်တိုဘာ 27, 2020
By Tachileik News Agency
တာချီလိတ်မြို့နယ်အတွင်း မဲဆန္ဒနယ်များတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော်(၃)ရပ်မှ ကိုယ်စားလှယ်လောင်းများ
၂၀၂၀ခုနှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် တာချီလိတ်မြို့နယ်အတွင်း၌ အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်၊ ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်(၁)နှင့်(၂)တို့တွင် ကိုယ်စားလှယ်လောင်း စုစုပေါင်း (၂၅)ဦး ဝင်ရောက်ယှဉ်ပြိုင်ကြမည် ဖြစ်သည်။

အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ်(၃)တွင် ကိုယ်စားလှယ်လောင်း  (၇)ဦး၊ တာချီလိတ်မြို့နယ်အတွင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း(၆)ဦး၊ တာချီလိတ်မြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ်(၁)မှ ကိုယ်စားလှယ်လောင်း (၆)ဦး နှင့်  ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ်(၂)မှ ကိုယ်စားလှယ်လောင်း (၆)ဦးတို့ ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

ယခင်က ကိုယ်စားလှယ်လောင်းအမည်စာရင်းများတွင် ညီညွတ်သောဒီမိုကရက်တစ်ပါတီ(နှင်းဆီပါတီ)မှ ကိုယ်စားလှယ်လောင်းများ ပါဝင်ထားသော်လည်း   ညီညွတ်သောဒီမိုကရက်တစ်ပါတီ(နှင်းဆီပါတီ)အား နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေအရ ပါတီကိုဖျက်သိမ်းလိုက်ပြီး ပါတီ၏ကိုယ်စားလှယ်လောင်းများအားလုံးလည်း ရွေးကောက်ခံပိုင်ခွင့် မရတော့ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ (၁၇)ရက်နေ့၌ ထုတ်ပြန်ကြေညာထားခြင်း ဖြစ်သည်။

ရွေးကောက်ပွဲ ကျင်းပရန် ရက်နီးမှ ယင်းသို့ ထုတ်ပြန်လိုက်သည့်အတွက် ယခင်ရိုက်နှိပ်ပြီးသား မဲလက်မှတ်များကို အသစ်ပြန်လည် ရိုက်နှိပ်ရန် အချိန်မမီတော့၍ ၂၀၂၀ခုနှစ် နိုင်ဝင်ဘာလ(၈)ရက်နေ့တွင် မဲပေးသည့်အခါ မဲလက်မှတ်များပေါ်တွင်   ညီညွတ်သောဒီမိုကရက်တစ်ပါတီ(နှင်းဆီပါတီ)၏ ကိုယ်စားလှယ်လောင်းအမည်များ ပါရှိနေမည်ဖြစ်သော်လည်း  နှင်းဆီပါတီ၏ ကိုယ်စားလှယ်လောင်းနေရာတွင် မဲပေးမိပါက ပယ်မဲဖြစ်မည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အသိပေးထားရှိသည်။

 
Tachileik News Agency

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~