၂၀၂၀ ရွေးကောက်ပွဲအတွက် တာချီလိတ်ခရိုင်အတွင်း တာဝန်ချထားရန် အထူးရဲ (၁၇၀)ကျော် ခန့်အပ်ထား

၂၀၂၀ ရွေးကောက်ပွဲအတွက် တာချီလိတ်ခရိုင်အတွင်း တာဝန်ချထားရန် အထူးရဲ (၁၇၀)ကျော် ခန့်အပ်ထား
အောက်တိုဘာ 1, 2020
By Tachileik News Agency
၂၀၂၀ ရွေးကောက်ပွဲအတွက် တာချီလိတ်ခရိုင်အတွင်း တာဝန်ချထားရန် အထူးရဲ (၁၇၀)ကျော် ခန့်အပ်ထား
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်ခရိုင်အတွင်း ၂၀၂၀ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကာလတွင် တာဝန်ထမ်းဆောင်ရန် ခန့်အပ်ထားသည့် ရွေးကောက်ပွဲဆိုင်ရာ အထူးရဲတပ်ဖွဲ့ဝင် (၁၇၉) ဦးကို ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ (၁) ရက်နေ့၌ သင်တန်းစတင်ပို့ချနေပြီဖြစ်ကြောင်း သိရသည်။
တာချီလိတ်ခရိုင်အတွင်း မဲရုံ တစ်ရုံလျှင် တစ်ဦးနှုန်းဖြင့် တာဝန်ယူရန်အတွက် တာချီလိတ်မြို့နယ်အတွက် အထူးရဲ (၇၀)ဦး၊ မိုင်းယောင်းမြို့နယ်အတွက် အထူးရဲ (၆၈)ဦးနှင့် မိုင်းဖြတ်မြို့နယ်အတွက် အထူးရဲ (၄၁)ဦးတို့ကို ခန့်အပ်ထားခြင်းဖြစ်ပြီး သင်တန်းများ စတင်ပေးနေပြီဖြစ်သည်။
“အထူးရဲခေါ်တာကတော့ ယောက်ျားလေးတွေပဲ ခေါ်ထားတာပါ။ သူတို့တွေ အခု ရွေးကောက်ပွဲ အထူးရဲကနေ အမြဲတမ်း ရဲတပ်ဖွဲ့ဝင်ဖြစ်ချင်ရင် ရဲတပ်ဖွဲ့ဝင်အဖြစ် သင်တန်းတော့ ထပ်တက်ရမှာပေါ့။ အခု ခန့်ထားတာကတော့ ရွေးကောက်ပွဲကာလအတွက်ပါ”ဟု တာချီလိတ်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ညီညီဌေးက တာချီလိတ်သတင်းအေဂျင်စီသို့ အောက်တိုဘာလ(၁)ရက်နေ့တွင် ပြောသည်။
၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ (၈) ရက်နေ့၌ ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကာလအတွင်း မဲရုံများ စောင့်ကြပ်ကြည့်ရှုနိုင်ရန်အတွက် အထူးရဲများခန့်အပ်တာဝန်ပေးသွားမည်ဖြစ်သည်။
ပြီးခဲ့သည့် ၂၀၁၅ ပါတီစုံ အထွေထွေရွေးကောက်ပွဲက တာချီလိတ်ခရိုင်အတွင်း အထူးရဲ စုစုပေါင်း (၁၆၅)ဦးကိုလည်း ခန့်အပ်ထားရှိရာ ယခု ၂၀၂၀ခုနှစ်အတွင် မဲရုံအရေအတွက် တိုးလာ၍ အထူးရဲတပ်ဖွဲ့ဝင် (၁၇၉) ဦးအထိ တိုးမြှင့်ထားခြင်း ဖြစ်သည်။

Tachileik News Agency

သတင်း - ချယ်ရီထိုက်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~