တာချီလိတ်တွင် ထိုင်း (၄)ဉီးအား မူးယစ်ဆေးများနှင့်အတူ ဖမ်းဆီးရမိ

တာချီလိတ်တွင် ထိုင်း (၄)ဉီးအား မူးယစ်ဆေးများနှင့်အတူ ဖမ်းဆီးရမိ
မတ် 8, 2020
By Tachileik News Agency
တာချီလိတ်တွင် ထိုင်း (၄)ဉီးအား မူးယစ်ဆေးများနှင့်အတူ ဖမ်းဆီးရမိ

မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ တာချီလိတ်မြို့တွင် ၂၀၂၀ ခုနှစ်၊ မတ်လ (၇) ရက်နေ့က  ထိုင်းနိုင်ငံသား (၄)ဦးကို နေအိမ်၌ မူးယစ်ဆေးများနှင့်အတူ ဖမ်းမိကြောင်း သိရသည်။

ဝိန်းကျောက်ရပ်ကွက်၊ အာခါဈေးလမ်းရှိ ထိုင်းနိုင်ငံသား စူဝိကျိုင်းစက် (ခ) ဘီ နေထိုင်သည့်နေအိမ်အား ဝင်ရောက်ရှာဖွေရာ ထိုင်းနိုင်ငံသားများဖြစ်ကြသည့် ဟာတနန်းဖုကွန် (ခ) တန်၊ အေ့ချိုင်းကျောက်နွမ်း (ခ) နွမ်း၊ စူဝိကျိုင်းစပ် (ခ) ဘီ နှင့် ထိုင်းနိုင်ငံသူ ဝါလာဖောရ်ခရောမနီတို့အား တွေ့ရကြောင်း သိရသည်။

ယင်းနောက် နေအိမ်အတွင်း ဆက်လက်ရှာဖွေရာ WY စာတမ်းပါ နီညိုရောင်စိတ်ကြွဆေးပြား (၁၃၅၀) ပြား၊ WY စာတမ်းပါ လိမ္မော်ရောင် စိတ်ကြွဆေးပြား (၉၀)ပြား၊ WY စာတမ်းပါ ပန်းရောင်စိတ်ကြွဆေးပြား (၁၂၀)ပြား စုစုပေါင်း စိတ်ကြွဆေးပြား (၁၅၆၀)ပြား၊ အိုက်စ် (၃၀)ဂရမ်ဝန်းကျင်၊ ဘိန်းဖြူ (၃၀၀) ဂရမ်၊ မူးယစ်ဆေးသုံးရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများကို ဖမ်းမိခြင်းဖြစ်ကြောင်း သိရသည်။

မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းမိသည့် စူဝိကျိုင်းစက် (ခ) ဘီ၊ ဟာတနန်းဖုကွန် (ခ) တန်၊ အေ့ချိုင်းကျောက်နွမ်း (ခ) နွမ်းနှင့် ဝါလာဖောရ်ခရောမနီတို့ကို တာချီလိတ်မြို့မရဲစခန်းတွင် မယ(ပ) ၄၀/၂၀၊ မူး/စိတ်ပုဒ်မ ၁၉(က)ဖြင့် အမှုဖွင့်ထားခြင်းဖြစ်ကြောင်း သိရသည်။

 Tachileik News Agency

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~