တာချီလိတ်တွင် အုပ်စုလိုက် ဆိုင်ကယ်ခိုးယူသည့်အဖွဲ့က မိုတယ်တစ်ခုမှ ဆိုင်ကယ်တစ်စီး ခိုးယူသွား

တာချီလိတ်တွင် အုပ်စုလိုက် ဆိုင်ကယ်ခိုးယူသည့်အဖွဲ့က မိုတယ်တစ်ခုမှ ဆိုင်ကယ်တစ်စီး ခိုးယူသွား

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့၊ ဆန်ဆိုင်း (က) ရပ်ကွက်ရှိ မိုတယ်တစ်ခုမှ ဆိုင်ကယ်တစ်စီးကို ၂၀၂၁ ခုနှစ်၊ ဇွန်လ (၂၂) ရက်နေ့ နံနက်အစောပိုင်း၌ အုပ်စုလိုက်ခိုးယူသည့်အဖွဲ့က ခိုးယူသွားကြောင်း သိရသည်။

မနက် (၂) နာရီလောက် လူ (၆)ယောက်အဖွဲ့နဲ့ ရောက်လာတာတွေ့တယ်။ (၄)ယောက်က အပြင်ကနေ ဆိုင်ကယ် နှစ်စီးနဲ့စောင့်နေပြီး အထဲကို လူနှစ်ယောက်ဝင်လာတာ။ သူတို့က ဆိုင်ကယ် နှစ်စီးကိုခိုးတာ။ လူသိသွားလို့ တစ်စီးပဲ ပါသွားတာ

ဟု ဆိုင်ကယ်ပိုင်ရှင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ခိုးယူခံရသည့်ဆိုင်ကယ်မှာ Honda Wave 110 - 2012 မော်ဒယ်၊ အနီနှင့်ခဲရောင်ဖြစ်ကြောင်း သိရပြီး တွေ့ရှိပါက ဖုန်း 09 890587862 သို့ ဆက်သွယ်ပေးရန် ပိုင်ရှင်ဖြစ်သူက အကူအညီတောင်းထားသည်။

စစ်အာဏာသိမ်းထားသည့်ကာလအတွင်း တာချီလိတ်မြို့တွင် ဆိုင်ကယ်ခိုးယူခံရမှု ပိုများလာပြီး ရဲတပ်ဖွဲ့က ဖေါ်ထုတ်ဖမ်းဆီးနိုင်မှုမရှိဘဲဖြစ်နေသည်ကိုလည်း တွေ့ရသည်။

#TachileikNewsAgency