တာချီလိတ်ခရိုင်အတွင်း ၂၀၂၀ ရွေးကောက်ပွဲအတွက် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း မရှိ

တာချီလိတ်ခရိုင်အတွင်း ၂၀၂၀ ရွေးကောက်ပွဲအတွက် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း မရှိ
သြဂုတ် 25, 2020
By Tachileik News Agency
တာချီလိတ်ခရိုင်အတွင်း ၂၀၂၀ ရွေးကောက်ပွဲအတွက် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း မရှိ
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်အတွင်း ၂၀၂၀ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက်  နိုင်ငံရေးပါတီ (၁၁)ခုက ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းစာရင်း တင်သွင်းထားခြင်း မရှိကြောင်း သိရသည်။
၂၀၂၀ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းလွှာများကို ဇူလိုင်လ (၂၀) ရက်နေ့မှ သြဂုတ်လ (၇) ရက်နေ့အထိ တင်သွင်းခဲ့ရာတွင် ပါတီ (၁၁) ပါတီမှကိုယ်စားလှယ်လောင်း (၆၄) ဦးကို အမည်စာရင်းတင်သွင်းခဲ့ခြင်းဖြစ်သည်။
တာချီလိတ်ခရိုင်အတွင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD) ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (USDP)၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (SNLD)၊ ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ (SNDP)၊ အာခါအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ(ANDP)၊ လားဟူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ(LNDP)၊ "ဝ" အမျိုးသားပါတီ(WNP)၊ ညီညွတ်သောဒီမိုကရက်တစ်ပါတီ(UDP)၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ(UBP)၊ ပြည်သူ့ရှေ့ဆောင်ပါတီ(PPP)နှင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ(တစည)တို့က  ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်သည်။
တာချီလိတ်ခရိုင်တွင် ၂၀၁၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲက တစ်သီးပုဂ္ဂလ ဝင်ရောက်ယှဉ်ပြိုင်သူ (၁) ဦးရှိခဲ့ပြီး ယခုနှစ်တွင် စာရင်းတင်သွင်းထားသူ မရှိကြောင်း သိရသည်။
လက်ရှိတွင် အမည်စာရင်းတင်သွင်းထားသည့် ကိုယ်စားလှယ်လောင်းများကို  ရွေးကောက်ပွဲကော်မရှင်က အရည်အချင်း စိစစ်မှုများ လုပ်ဆောင်နေကြောင်း သိရသည်။ 
Tachileik News Agency
သတင်း - ဟန်စိုးထိုက်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~