တာချီလိတ်တွင် ယာယီ quarantine ထားသည့် ထိုင်းနှင့် လာအိုမှ ပြန်လာသူ (၇၇) ဦး၏ ဓာတ်ခွဲနမူနာများ ရန်ကုန်သို့ ပို့ဆောင်ထား

တာချီလိတ်တွင် ယာယီ quarantine ထားသည့် ထိုင်းနှင့် လာအိုမှ ပြန်လာသူ (၇၇) ဦး၏ ဓာတ်ခွဲနမူနာများ ရန်ကုန်သို့ ပို့ဆောင်ထား
ဇွန် 6, 2020
By Tachileik News Agency
တာချီလိတ်တွင် ယာယီ quarantine ထားသည့် ထိုင်းနှင့် လာအိုမှ ပြန်လာသူ (၇၇) ဦး၏ ဓာတ်ခွဲနမူနာများ ရန်ကုန်သို့ ပို့ဆောင်ထား

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ထိုင်းနိုင်ငံမှ နေရပ်ပြန် (၇၆)ဦးနှင့် လာအိုနိုင်ငံမှ ပြန်လာသူ (၁)ဦးတို့၏ COVID 19 ဓာတ်ခွဲနမူနာများကို ၂၀၂၀ ခုနှစ်၊ ဇွန်လ (၆)ရက်နေ့၌ ရန်ကုန်သို့ ပို့စစ်ထားပြီဖြစ်ကြောင်း သိရသည်။

မနေ့က ထိုင်းဘက်က ပြန်လာတဲ့သူတွေရယ်၊ ဒီနေ့ လာအိုဘက်က လာတဲ့တစ်ယောက်ရယ် အကုန်လုံး ဓာတ်ခွဲနမူနာ ယူပြီးပါပြီ။ မနက်ကလေယာဉ်နဲ့ ပို့လိုက်ပါပြီ

ဟု တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တာချီလိတ်တွင် ဇွန်လ (၅)ရက်နေ့က မယ်ဆိုင်ဘက်မှ ဝင်လာသည့် ထိုင်းနိုင်ငံမှ နေရပ်ပြန် (၅၀) ဦးနှင့် ပြစ်ဒဏ်စေ့ မြန်မာနိုင်ငံသား (၂၆) ဦး စုစုပေါင်း (၇၆)ဦးကို လက်ခံထားပြီး မိုးကုတ်ဝိပဿနာတရားရိပ်သာရှိ quarantine center ၌ ထားရှိခြင်းဖြစ်သည်။

အဆိုပါ နေရပ်ပြန်များအပြင် လာအိုနိုင်ငံဘက်မှ နေရပ်ပြန် မြန်မာအမျိုးသားတစ်ဦးကိုလည်း ဇွန်လ (၆)ရက်နေ့၌ ဝမ်ပုံဆိပ်ကမ်းမှတစ်ဆင့် လက်ခံထားကာ မိုးကုတ်ဝိပဿနာတရားရိပ်သာရှိ quarantine center သို့ ထားရှိခြင်းဖြစ်သည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~