ကျိုင်းတုံတွင် COVID 19 သံသယလူနာအဖြစ် ဓာတ်ခွဲနမူနာရယူထားသူ (၃)ဦးတွင် ပိုးမတွေ့ကြောင်း အဖြေရရှိ

ကျိုင်းတုံတွင် COVID 19 သံသယလူနာအဖြစ် ဓာတ်ခွဲနမူနာရယူထားသူ (၃)ဦးတွင် ပိုးမတွေ့ကြောင်း အဖြေရရှိ
စက်တင်ဘာ 2, 2020
By Tachileik News Agency
 
ကျိုင်းတုံတွင် COVID 19 သံသယလူနာအဖြစ် ဓာတ်ခွဲနမူနာရယူထားသူ (၃)ဦးတွင် ပိုးမတွေ့ကြောင်း အဖြေရရှိ
ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံပြည်သူ့ဆေးရုံတွင် စောင့်ကြည့်လူနာအဖြစ် သတ်မှတ်ထားသည့် သတင်းထောက် (၂)ဦးနှင့် ထိတွေ့အဖြစ် ဓာတ်ခွဲနမူနာရယူထားသည့် မော်တော်ယာဉ်မောင်းတို့တွင် COVID 19 ပိုးမတွေ့ရကြောင်း ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ (၂)ရက်နေ့၌ ဓာတ်ခွဲအဖြေရလာပြီဖြစ်သည်။
“ကျိုင်းတုံဆေးရုံမှာထားတဲ့ သတင်းထောက်နှစ်ယောက်နဲ့ ယာဉ်မောင်း (၁)ယောက် စုစုပေါင်း (၃)ယောက်လုံး ဓာတ်ခွဲအဖြေ Negative ပါ”ဟု ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ရှမ်းပြည်နယ်အရှေ့ပိုင်း ဦးစီးဌာနမှူး ဒေါက်တာမြင့်ကျော်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
ရန်ကုန်မှ ကျိုင်းတုံသို့ မြန်မာအမျိုးသားလေကြောင်းလိုင်းဖြင့် သြဂုတ်လ (၂၉)ရက်နေ့က ရောက်လာသည့် သတင်းထောက် (၂)ဦးအနက် တစ်ဦးမှာ ဖျားနာ၍ အနံ့ပျောက်လာသဖြင့် ကျိုင်းတုံပြည်သူ့ဆေးရုံကြီးသို့ ပြသရာ  စောင့်ကြည့်လူနာအဖြစ် သတ်မှတ်လိုက်ပြီး  အတူတည်းခိုနေသည့် သတင်းထောက် နှင့် မော်တော်ယာဉ်မောင်းတို့ကိုပါ ဓာတ်ခွဲနမူနာ ရယူစစ်ဆေးခဲ့ခြင်းဖြစ်သည်။
ယင်းအပြင် ရန်ကုန် - ကျိုင်းတုံသို့ မြန်မာအမျိုးသားလေကြောင်းလိုင်းဖြင့် သြဂုတ်လ (၂၉)ရက်နေ့ ခရီးစဉ်ဖြင့် လိုက်ပါလာသည့် ခရီးသည်များကိုပါ သက်ဆိုင်ရာတာဝန်ရှိသူများက ကြိုတင်ချိတ်ဆက်ခြင်းများ ဆောင်ရွက်ထားခဲ့ခြင်းဖြစ်သည်။
Tachileik News Agency
သတင်း - ချယ်ရီထိုက်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~