တာချီလိတ်မြို့ရှိ Covid-19 အတည်ပြုလူနာများထဲက (၁၀)ဦး ဆေးရုံဆင်း

တာချီလိတ်မြို့ရှိ Covid-19 အတည်ပြုလူနာများထဲက (၁၀)ဦး ဆေးရုံဆင်း
ဒီဇင်ဘာ 9, 2020
By Tachileik News Agency

 

တာချီလိတ်မြို့ရှိ Covid-19 အတည်ပြုလူနာများထဲက (၁၀)ဦး ဆေးရုံဆင်း

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ရှိ COVID 19 ကုသဆောင် (၂)ခုမှ အတည်ပြုလူနာ (၁၀)ဦး ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ (၉)ရက်နေ့ နေ့လည်ပိုင်းက  ဆေးရုံဆင်းခွင့်ရပြီဖြစ်၍ ကုသဆောင်၌ ကျန်ရှိသည့် အတည်ပြုလူနာ (၆၅) ဦး ကျန်ရှိနေခြင်းဖြစ်သည်။
ဆေးရုံဆင်းသည့် (၁၀)ဦးတွင် တာချီလိတ်မြို့နယ်အတွင်း မိုင်းဖုန်း (က)ကျေးရွာအုပ်စု နှင့်   မိုင်ဖုန်း(ခ) ကျေးရွာအုပ်စုတို့မှ (၇)ဦး ပါဝင်သည်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန နောက်ဆုံးသတ်မှတ်ချက်အရ အတည်ပြုလူနာများသည် ကုသဆောင်များတွင် (၁၁)ရက်သတ်မှတ်နေထိုင်ပြီးနောက် ဆေးရုံမှ ဆင်းခွင့်ရရှိခြင်း ဖြစ်ပြီး ဆေးရုံဆင်းခွင့်ရရှိသွားသူများအနေဖြင့် နေအိမ်အသီးသီး၌ နောက်ထပ် (၇)ရက် ထပ်မံ၍ အသွားအလာကန့်သတ်နေထိုင်ရမည်ဖြစ်သည်။

“လက်ရှိ ကလေး (၆) ယောက်ရှိတယ်။ ကလေးတွေအားလုံးက ကျန်းကျန်းမာမာပါပဲ။ သူတို့မိဘတွေကအရင် Positive ဖြစ်တယ်။ နောက်မှကလေးတွေကဖြစ်တာဆိုတော့ ကလေးမိဘတွေရက်ပြည့်သွားရင်တောင် ကလေးမိဘတွေ ဆက်နေပေးလို့ရအောင် စီစဉ်ပေးထားပါတယ်။ အခုဖြစ်တဲ့ (၈၀) ကျော်ထဲမှာ ကျွန်တော်တို့ စိုးရိမ်တာက လူကြီးပေါ့။ အသက် (၅၀) ကျော် (၂) ယောက်ပါတယ်။ တစ်ယောက်က ရင်ကြပ်ရောဂါရှိတဲ့အတွက် စိတ်ချရအောင် ဆေးရုံဟောင်းမှာထားပါတယ်။ လက်ရှိအချိန်ထိ ကျန်းကျန်းမာမာပါပဲ”ဟု တာချီလိတ်ခရိုင်ဆေးရုံကြီးမှ အထွေထွေရောဂါကု သမားတော် ဒေါက်တာစိုင်းကျော်သီဟက တာချီလိတ်သတင်းအေဂျင်စီသို့ပြောသည်။
တာချီလိတ်မြို့တွင် ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ (၂၂) ရက်နေ့မှ ဒီဇင်ဘာလ (၉) ရက်နေ့ နေ့လယ် (၁၁) နာရီခွဲအထိ အခြားဒေသမှ လာ၍ ပိုးတွေ့သူများ နှင့် ဒေသတွင်း ကူးစက်ခံရသည့် COVID-19 အတည်ပြုလူနာ စုစုပေါင်းမှာ (၈၇) ဦးရှိနေပြီး (၂၂)ဦးမှာ ဆေးရုံက ဆင်းခွင့်ရသွားကြပြီဖြစ်သည်။
Tachileik News Agency
သတင်း - ဟန်စိုးထိုက်
ဓါတ်ပုံ - ကျော်ဇင်ဟိန်း
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~