တာချီလိတ်တွင် ညမထွက်ရအမိန့် ချိုးဖောက်မှုဖြင့် ဖမ်းဆီးရမိသူများကို မူးယစ်မှု၊ လိုင်စင်မဲ့ယာဉ် စီးနင်းမှုတို့အပါအဝင် အမှု (၅)မှုဖြင့် အရေးယူထား

တာချီလိတ်တွင် ညမထွက်ရအမိန့် ချိုးဖောက်မှုဖြင့် ဖမ်းဆီးရမိသူများကို မူးယစ်မှု၊ လိုင်စင်မဲ့ယာဉ် စီးနင်းမှုတို့အပါအဝင် အမှု (၅)မှုဖြင့် အရေးယူထား
နိုဝင်ဘာ 5, 2020
By Tachileik News Agency
တာချီလိတ်တွင် ညမထွက်ရအမိန့် ချိုးဖောက်မှုဖြင့် ဖမ်းဆီးရမိသူများကို မူးယစ်မှု၊ လိုင်စင်မဲ့ယာဉ် စီးနင်းမှုတို့အပါအဝင် အမှု (၅)မှုဖြင့် အရေးယူထား
မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ တာချီလိတ်မြို့ ဆန်ဆိုင်း(ခ) ရပ်ကွက်အတွင်း ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ (၂၉) ရက်နေ့ညပိုင်းက ဖမ်းဆီးထားသည့် ညမထွက်ရအမိန့်ချိုးဖောက်သူ (၃) ဦးနှင့် ဆက်စပ်ဖမ်းမိသူ (၂)ဦးတို့ကို လက်နက်ခဲယမ်း၊ မူးယစ်ဆေးဝါးမှုများအပြင် လိုင်စင်မဲ့မော်တော်ယာဉ်အသုံးပြုမှုဖြင့်ပါ အရေးယူထားကြောင်း နိုဝင်ဘာလ (၅)ရက်နေ့တွင် တာချီလိတ်မြို့နယ်ရဲတပ်ဖွဲ့ထံမှ သိရသည်။
"ညမထွက်ရ အမိန့်ချိုးဖေါက်တဲ့ (၃)ယောက်ကို သေနတ် (၁) လက်ရယ်၊ ကား (၁) စီးရယ်နဲ့အတူ ဖမ်းမိတယ်။ ဖမ်းမိတော့ သူတို့ကားကို ရှာလိုက်တော့ သေနတ်တစ်လက်ထပ်တွေ့တယ်။ ညမထွက်ရအမိန့်ချတာကတော့ ကြားမှာ ရုံးပိတ်ရက်ခံနေတော့ ရုံးဖွင့်ရက်မှာ အမိန့်ချပါတယ်။ ထောင်ဒဏ် (၃)လစီ အမိန့်ချထားပါတယ်။ ရှမ်းလက်နက်နဲ့ တစ်မှုဖွင့်ထားပါတယ်။ နောက်သူ့အိမ်က မူးယစ်ဆေးဝါးတွေမိတဲ့အတွက် မူးယစ်မှုဖွင့်ထားပါတယ်။ နောက် ကား (၂) စီးဖမ်းမိတာဖြစ်လို့ ကညနဆီက အကြောင်းပြန်ကြားစာလာတာနဲ့ ပို့/သွင်း (၈)နဲ့ (၂)မှုဖွင့်ပါမယ်"ဟု တာချီလိတ်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ညီညီဌေးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
တာချီလိတ်မြို့ ဆန်ဆိုင်း (ခ) ရပ်ကွက်အတွင်းရှိ ဆန်ဆိုင်းဈေးလမ်းမပေါ်တွင် အောက်တိုဘာလ (၂၉) ရက်နေ့  နံနက် (၃) နာရီအချိန်တွင် မော်တော်ယာဉ်တစ်စီးကို တွေ့ရသဖြင့် စစ်ဆေးရာ အားဂျူး၊ စိုင်းတစ်နှင့် အားကျူတို့ (၃) ဦးစီးနင်းလိုက်ပါလာသည်ကိုတေ့ွရပြီး ယာဉ်မောင်းထိုင်ခုံအောက်မှ TAURUS စာတမ်းပါ 9mm ပစ္စတို (၁) လက်၊ ၎င်းကျည် (၁၂) တောင့်တို့ကို သိမ်းဆည်းရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းနောက် စစ်ဆေးပေါ်ပေါက်ချက်အရ အားဂျူနေထိုင်သည့် တာချီလိတ်မြို့၊ ဝိန်းကျောက်ရပ်ကွက်အတွင်းရှိ နေအိမ်ကို ဝင်ရောက်ရှာဖွေရာ နေအိမ်အပေါ်ထပ်အိပ်ခန်းအတွင်းမှ  Ecstasy ဆေးပြား (၁၇၀) ပြား၊ ဆေးခြောက် (၅၆) ဂရမ်ခန့်၊ WY စာတမ်းပါ စိတ်ကြွရူးသွပ်ဆေးပြား (၄,၁၅၀) ပြားတို့အပြင် အဆိုပါနေအိမ်တွင်နေထိုင်နေသည့် အားစောနှင့် အားချာတို့ (၂) ဦးကိုပါ ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရသည်။
ဖမ်းဆီးရမိသည့် အားဂျူး၊ စိုင်းတစ်၊ အားကျူတို့ (၃) ဦးကို တာချီလိတ်မြို့မရဲစခန်းတွင် (ပ) ၃၇၄/၂၀၂၀၊ ရှမ်းလက်နက် ၁၂(က)/၁၂(ဂ)တို့ဖြင့်လည်းကောင်း၊ အားဂျူး၊ အားစောနှင့် အားချာတို့ (၃) ဦးကို မယ(ပ) ၁၃၂/၂၀၂၀၊ မူး/စိတ်ပုဒ်မ ၁၉(က)/၂၁ ဖြင့်လည်းကောင်း အောက်တိုဘာလ (၂၉) ရက်နေ့တွင် အမှုဖွင့်အရေးယူထားပြီး ညမထွက်ရအမိန့်ချိုးဖေါက်မှု၊ လိုင်စင်မဲ့ယာဉ်စီးနင်းမှုတို့ဖြင့် ထပ်မံအမှုဖွင့် အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။
Tachileik News Agency
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~