နော်ဝေနိုင်ငံတွင် ခရစ္စမတ်ပါတီတက်သူ (၁၃)ဦးထက်မနည်း COVID 19 မျိုးကွဲသစ် အိုမီခရွန် ကူးစက်ခံရ

နော်ဝေနိုင်ငံတွင် ခရစ္စမတ်ပါတီတက်သူ (၁၃)ဦးထက်မနည်း COVID 19 မျိုးကွဲသစ် အိုမီခရွန် ကူးစက်ခံရ

နော်ဝေနိုင်ငံ အော်စလိုမြို့တွင် ခရစ္စမတ်ပါတီတက်ခဲ့သူ (၁၃)ဦးထက် မနည်း၌ COVID 19 မျိုးကွဲသစ် အိုမီခရွန်ကူးစက်ခံရပြီး ပွဲတက်သူ၏ ထက်ဝက်ခန့်အထိ ကူးစက်နိုင်ချေရှိမည်ဟု ကျန်းမာရေးပညာရှင်များက ခန့်မှန်းထားသဖြင့် တောင်အာဖရိကပြင်ပရှိနိုင်ငံများတွင် အိုမီခရွန်အများဆုံးကူးစက်ပျံ့နှံ့သွားသည့်ပွဲတစ်ခုဖြစ်လာသည်။

တောင်အာဖရိကနိုင်ငံတွင်လည်း လုပ်နင်းလည်ပတ်သည့် စွမ်းအင်ကုမ္ပဏီတစ်ခုက နိုဝင်ဘာလ (၂၆) ရက်နေ့တွင် ကျင်းပသည့် ခရစ္စမတ်ပါတီတွင် လူဦးရေ (၁၂၀) တက်ရောက်ကြပြီး လက်ရှိတွင် (၁၃)ဦး၌ ကူးစက်ထားသည်ကိုတွေ့ထားရသော်လည်း ကူးစက်ခံရသူအရေအတွက်မှာ (၆၀)နီးပါးရှိမည်ဟု ကျန်းမာရေးပညာရှင်များက ခန့်မှန်းထားခြင်းဖြစ်သည်။

နော်ဝေအစိုးရအနေဖြင့် COVID 19 ထိန်းချုပ်ရေးကန့်သတ်ချက်များကို နိုင်ငံတဝန်း ပြန်လည်သတ်မှတ်ဖွယ်ရှိနေကြောင်း သိရသည်။

တောင်အာဖရိကနိုင်ငံများတွင် ကူးစက်မှုပိုမြန်သည့် COVID 19 မျိုးကွဲသစ် အိုမီခရွန် ကူးစက်ပျံ့ပွားမှု မြင့်တက်နေသဖြင့် ဥရောပနိုင်ငံများတွင် ခရစ္စမတ်ပါတီများကို မကျင်းပတော့ဘဲ အစီအစဉ်များဖျက်သိမ်းလာကြသည်။



Source: CNN