တာချီလိတ်မြို့တွင် Covid-19 ပိုး ကူးခံရပြီး ရောဂါအခံကြောင့် တစ်နေ့တည်း သေဆုံးသူ (၅)ဦးထပ်တိုး၍ (၃)ရက်အတွင်း (၁၅)ဦး သေဆုံး

တာချီလိတ်မြို့တွင် Covid-19 ပိုး ကူးခံရပြီး ရောဂါအခံကြောင့် တစ်နေ့တည်း သေဆုံးသူ (၅)ဦးထပ်တိုး၍ (၃)ရက်အတွင်း (၁၅)ဦး သေဆုံး
သြဂုတ် 18, 2021 | Covid-19| ရှမ်းရှေ့

တာချီလိတ်မြို့တွင် Covid-19 ကူးစက်ခံထားရပြီး ရောဂါအခံရှိ၍ ဆေးဝါးကုသနေသူများထဲက (၅)ဦးသည် ယနေ့ ဩဂုတ်လ(၁၈)ရက်နေ့ တစ်နေ့တည်းတွင် ထပ်မံ သေဆုံးသွား၍ (၃)ရက်အတွင်း သေဆုံးသူ (၁၅)ဦးအထိရှိကြောင်း သိရသည်။

ယနေ့ ဩဂုတ်လ(၁၈)ရက်နေ့၏ နံနက်နှင့် နေ့လည်ပိုင်းက သေဆုံးသွား(၂)ဦးမှာ တာချီလိတ်မြို့ ရန်အောင်မြေရပ်ကွက်၊ ပါလျှံ(၁)မှ အသက်(၅၆)နှစ်အရွယ် အမျိုးသားတစ်ဦး နှင့် မိုင်းဖုန်(က)ကျေးရွာအုပ်စု ခုတ်ဝကျေးရွာမှ အသက်(၄၅)နှစ်အရွယ် အမျိုးသမီးတစ်ဦးတို့ ဖြစ်သည်။

ည(၇)နာရီမှ ည(၁၀)နာရီခွဲအတွင်း ထပ်တိုး သေဆုံးသူ (၃)ဦးမှာ ဆန်ဆိုင်း(ခ)ရပ်ကွက်မှ အသက်(၆၇)နှစ်အရွယ် အမျိုးသမီးတစ်ဦး၊ မိုင်းဖုန်း(က)မှ အသက်(၅၆)နှစ်အရွယ် အမျိုးသမီးတစ်ဦး အပြင် ည(၁၀)နာရီ(၃၅)မိနစ်ဝန်းကျင်က သေဆုံးသွားသူမှာ တာချီလိတ်မြို့ ရန်အောင်မြေရပ်ကွက်နေ အသက်(၆၇)နှစ်အရွယ် အမျိုးသားတစ်ဦးတို့ ဖြစ်ကြောင်း သိရသည်။

၂၀၂၁ခုနှစ် ဩဂုတ်လ(၁၆)ရက်နေ့က အမျိုးသား (၃)ဦး နှင့် အမျိုးသမီး (၂)ဦး၊ ဩဂုတ်လ(၁၇)ရက်နေ့က အမျိုးသား(၁)ဦး နှင့် အမျိုးသမီး(၄)ဦး ယနေ့ ဩဂုတ်လ(၁၈)ရက်နေ့တွင် အမျိုးသား (၂)ဦး နှင့် အမျိုးသမီး(၃)ဦး စုစုပေါင်း (၃)ရက်အတွင်း သေဆုံးသူမှာ (၁၅)ဦးရှိသည်။

တာချီလိတ်မြို့၏ Covid-19 တတိယလှိုင်းကာလအတွင်း Covid-19 ကူးစက်ခံရပြီး ရောဂါအခံရှိ၍ ဆေးကုသမှုခံယူနေရင်း သေဆုံးသွားသူမှာ (၅၀)ကျော်သွားပြီဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency