တာချီလိတ်တွင် ဖမ်းဆီးရမိပြီးနောက် ပြစ်ဒဏ်စေ့သည့် ထိုင်းနိုင်ငံသူကို နယ်နှင်ဒဏ်ပေး

တာချီလိတ်တွင် ဖမ်းဆီးရမိပြီးနောက် ပြစ်ဒဏ်စေ့သည့် ထိုင်းနိုင်ငံသူကို နယ်နှင်ဒဏ်ပေး
စက်တင်ဘာ 21, 2020
By Tachileik News Agency

တာချီလိတ်တွင် ဖမ်းဆီးရမိပြီးနောက် ပြစ်ဒဏ်စေ့သည့် ထိုင်းနိုင်ငံသူကို နယ်နှင်ဒဏ်ပေး

ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့ရှိ အကျဉ်းထောင်မှ ပြစ်ဒဏ်စေ့ ထိုင်းနိုင်ငံသူ (၁) ဦးအား ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ (၂၁)ရက်နေ့၌ တာချီလိတ်မြို့ရှိ မြန်မာ - ထိုင်းချစ်ကြည်ရေးတံတား အမှတ် (၂)မှနေ၍ ထိုင်းနိုင်ငံ၊ မယ်ဆိုင်ဘက်သို့ ပြည်နှင်ဒဏ်ပေးလိုက်သည်။
ထိုင်းနိုင်ငံသူ ဖုထချတ်ဆိုင်ကျောက်ကို ၂၀၂၀ ခုနှစ်၊ မတ်လ (၁၄) ရက်နေ့က တာချီလိတ်မြို့ ဆန်ဆိုင်း(ခ) ရပ်ကွက်အတွင်း မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းမိခဲ့ခြင်းဖြစ်ပြီး ၎င်းသည် တာချီလိတ်ဘက်သို့ မယ်ဆိုင်ချောင်းဘက်မှ တရားမဝင် ဝင်ရောက်လာကြောင်းကိုပါ ထပ်မံစစ်ဆေးတွေ့ရှိခဲ့ခြင်းဖြစ်သည်။
ဖမ်းဆီးရမိသည့် ထိုင်းနိုင်ငံသူအား ရဲတပ်ဖွဲ့က အမှုစွဲတင်ရာ တာချီလိတ်မြို့နယ်တရားရုံးက မူး/စိတ် ၁၉(က) ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၂၅၃ (၁)အရ စွဲချက်မတင်မီ တရားရှင်လွှတ်စေရန်နှင့် ခိုးဝင်မှုအတွက် ၁၉၄၇ ခုနှစ်၊ မြန်မာနိုင်ငံ  လူဝင်မှုကြီးကြပ်ရေး(လတ်တလောပြဌာန်းချက်များ) အက်ဥပဒေပုဒ်မ ၃(၁)ကျူး/ ၁၃(၁)အရ ထောင်ဒဏ် (၆)လ ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထောင်ဒဏ် (၆)လမှာ အကျဉ်းထောင်လျှော့ရက်ခံစားခွင့်ဖြင့် စက်တင်ဘာလ (၂၁)ရက်နေ့၌ ပြစ်ဒဏ်စေ့သွားသဖြင့် အမည်ပျက်စာရင်းရေးသွင်းပြီး ထိုင်းနိုင်ငံသို့ ပြည်နှင်ဒဏ်ပေးလိုက်ခြင်းဖြစ်သည်။
Tachileik News Agency
သတင်း - ဟန်စိုးထိုက်
ဓါတ်ပုံ - ကျော်ဇင်ဟိန်း
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~