တာချီလိတ်မြို့နယ်အတွင်း နေထိုင်ပြီး အိမ်ထောင်စုစာရင်းမရှိသေးသူများကို ယာယီအိမ်ထောင်စုစာရင်း ထုတ်ပေးမည်

တာချီလိတ်မြို့နယ်အတွင်း နေထိုင်ပြီး အိမ်ထောင်စုစာရင်းမရှိသေးသူများကို ယာယီအိမ်ထောင်စုစာရင်း ထုတ်ပေးမည်
အောက်တိုဘာ 3, 2019
By 🌸
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့နယ်အတွင်း နေထိုင်ကြပြီး အိမ်ထောင်စုစာရင်းမရှိသေးသူများကို ယာယီအိမ်ထောင်စုစာရင်းများ ထုတ်ပေးမည်ဖြစ်၍ ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလမကုန်မီ သက်ဆိုင်ရာ ရပ်ကျေးအုပ်ချုပ်ရေးမှူးရုံးများ၌ အမည်စာရင်းပေးထားကြရမည်ဖြစ်သည်။

တာချီလိတ်မြို့နယ်အတွင်း နေထိုင်ပြီး အိမ်ထောင်စုစာရင်း (ပုံစံ ၆၆/၆ ) မရှိသေးသူများ၊ အိမ်ခန်းငှားရမ်း နေထိုင်သူများကို ယာယီအိမ်ထောင်စုလူဦးရေစာရင်း ပြုလုပ်ပေးမည်ဖြစ်သည့်အတွက် သက်ဆိုင်ရာ ရပ်ကျေးအုပ်ချုပ်ရေးမှူးရုံးများတွင် ညစဉ် (၇) နာရီမှ (၉) နာရီအတွင်း လာရောက်စာရင်းပေးသွင်းနိုင်ကြောင်း သိရသည်။

"လဝက ကစာရင်းကောက်ခိုင်းထားတာပေါ့။ အိမ်ထောင်စုစာရင်း လုံးဝမရှိတဲ့သူတွေပေါ့။ ဒီမှာ နေထိုင်ကြောင်းပေါ့။ မှတ်ပုံတင်ရှိရင် ယူလာပေးပေါ့။ မှတ်ပုံတင်မရှိရင်လည်း နာမည်စာရင်းလာပေးပေါ့။ အခုလူဦးရေစာရင်းကောက်လိုက်တော့ အိမ်ထောင်စုစာရင်းမရှိတဲ့သူတွေများနေတော့ ရွေးကောက်ပွဲမဲထည့်လို့ရအောင် ယာယီအိမ်ထောင်စုစာရင်း ထုတ်ပေးမှာပေါ့"ဟု မကာဟိုခမ်းရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးစိုင်းခမ်းဟိန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တာချီလိတ်မြို့နယ်အတွင်း ဇွန်လကတည်းက စတင်ကောက်ယူနေသည့် လူဦးရေသန်းခေါင်စာရင်းတွင် အိမ်ထောင်စုစာရင်း မရှိသေးသူများ ပါဝင်လာခြင်းမရှိသေးသဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနက ယာယီသန်းခေါင်စာရင်းများ ထုတ်ပေးနိုင်ရန် စာရင်းကောက်ယူခိုင်းထားခြင်းဖြစ်ကြောင်း သိရသည်။

တာချီလိတ်မြို့နယ်အတွင်း လက်ရှိနေထိုင်နေသူများကို လူဦးရေစာရင်းကောက်ယူရာတွင် မှတ်ပုံတင်၊ အိမ်ထောင်စုစာရင်းမရှိသေးသူအများအပြားပါဝင်နေ၍ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနက စိစစ်ထုတ်ပေးနိုင်ရန် စီစဉ်နေခြင်းဖြစ်ကြောင်း သိရသည်။

သန်းခေါင်စာရင်းကောက်ယူပြီးပါကလည်း ရပ်ကွက်များအလိုက် လူဦးရေစာရင်းအသေးစိတ်ကို ရပ်ကျေးအုပ်ချုပ်ရေးမှူးရုံးများ၌ ကြေညာပေးထားမည်ဖြစ်ရာ လာမည့်ရွေးကောက်ပွဲတွင် မဲပေးခွင့် မဆုံးရှုံးစေရန်နှင့် မိမိတို့ တိုင်းရင်းသားများ၏ ရေးရာဝန်ကြီးမဲဆန္ဒနယ် မဆုံးရှုံးစေရေးအတွက် မိမိတို့၏ မှတ်ပုံတင်နံပါတ်နှင့် လူမျိုးအမည်များ မှန်ကန်ခြင်း ရှိ၊မရှိ သွားရောက်စစ်ဆေး ပြင်ဆင်နိုင်ကြမည်ဖြစ်သည်။

သတင်း #ဟန်စိုးထိုက်

~~~~~~~~⊰❂ Zawgyi Version ~~~~~~~~

တာခ်ီလိတ္ၿမိဳ႕နယ္အတြင္း ေနထုိင္ၿပီး အိမ္ေထာင္စုစာရင္းမရိွေသးသူမ်ားကို ယာယီအိမ္ေထာင္စုစာရင္း ထုတ္ေပးမည္
***********
ရွမ္းျပည္နယ္ (အေရွ႕ပိုင္း) တာခ်ီလိတ္ၿမို႕နယ္အတြင္း ေနထုိင္ၾကၿပီး အိမ္ေထာင္စုစာရင္းမရိွေသးသူမ်ားကို ယာယီအိမ္ေထာင္စုစာရင္းမ်ား ထုတ္ေပးမည္ျဖစ္၍ ၂၀၁၉ ခုႏွစ္၊ စက္တင္ဘာလမကုန္မီ သက္ဆုိင္ရာ ရပ္ေက်းအုပ္ခ်ုပ္ေရးမွဴးရံုးမ်ား၌ အမည္စာရင္းေပးထားၾကရမည္ျဖစ္သည္။

တာခ်ီလိတ္ၿမိဳ႕နယ္အတြင္း ေနထုိင္ၿပီး အိမ္ေထာင္စုစာရင္း (ပံုစံ ၆၆/၆ ) မရိွေသးသူမ်ား၊ အိမ္ခန္းငွားရမ္း ေနထိုင္သူမ်ားကို ယာယီအိမ္ေထာင္စုလူဦးေရစာရင္း ျပဳလုပ္ေပးမည္ျဖစ္သည့္အတြက္ သက္ဆုိင္ရာ ရပ္ေက်းအုပ္ခ်ဳပ္ေရးမွဴးရံုးမ်ားတြင္ ညစဥ္ (၇) နာရီမွ (၉) နာရီအတြင္း လာေရာက္စာရင္းေပးသြင္းႏိုင္ေၾကာင္း သိရသည္။

"လ၀က ကစာရင္းေကာက္ခိုင္းထားတာေပါ့။ အိမ္ေထာင္စုစာရင္း လံုး၀မရိွတဲ့သူေတြေပါ့။ ဒီမွာ ေနထိုင္ေၾကာင္းေပါ့။ မွတ္ပံုတင္ရိွရင္ ယူလာေပးေပါ့။ မွတ္ပံုတင္မရိွရင္လည္း နာမည္စာရင္းလာေပးေပါ့။ အခုလူဦးေရစာရင္းေကာက္လိုက္ေတာ့ အိမ္ေထာင္စုစာရင္းမရိွတဲ့သူေတြမ်ားေနေတာ့ ေရြးေကာက္ပြဲမဲထည့္လို႔ရေအာင္ ယာယီအိမ္ေထာင္စုစာရင္း ထုတ္ေပးမွာေပါ့"ဟု မကာဟိုခမ္းရပ္ကြက္ အုပ္ခ်ဳပ္ေရးမွဴး ဦးစိုင္းခမ္းဟိန္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

တာခ်ီလိတ္ၿမိဳ႕နယ္အတြင္း ဇြန္လကတည္းက စတင္ေကာက္ယူေနသည့္ လူဦးေရသန္းေခါင္စာရင္းတြင္ အိမ္ေထာင္စုစာရင္း မရိွေသးသူမ်ား ပါဝင္လာျခင္းမရိွေသးသျဖင့္ လူဝင္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အား ဦးစီးဌာနက ယာယီသန္းေခါင္စာရင္းမ်ား ထုတ္ေပးႏုိင္ရန္ စာရင္းေကာက္ယူခုိင္းထားျခင္းျဖစ္ေၾကာင္း သိရသည္။

တာခ်ီလိတ္ၿမိဳ႕နယ္အတြင္း လက္ရိွေနထိုင္ေနသူမ်ားကို လူဦးေရစာရင္းေကာက္ယူရာတြင္ မွတ္ပံုတင္၊ အိမ္ေထာင္စုစာရင္းမရိွေသးသူအမ်ားအျပားပါဝင္ေန၍ လူဝင္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အား ဦးစီးဌာနက စိစစ္ထုတ္ေပးႏုိင္ရန္ စီစဥ္ေနျခင္းျဖစ္ေၾကာင္း သိရသည္။

သန္းေခါင္စာရင္းေကာက္ယူၿပီးပါကလည္း ရပ္ကြက္မ်ားအလုိက္ လူဦးေရစာရင္းအေသးစိတ္ကို ရပ္ေက်းအုပ္ခ်ဳပ္ေရးမွဴးရံုးမ်ား၌ ေၾကညာေပးထားမည္ျဖစ္ရာ လာမည့္ေရြးေကာက္ပြဲတြင္ မဲေပးခြင့္ မဆံုးရံႈးေစရန္ႏွင့္ မိမိတုိ႔ တုိင္းရင္းသားမ်ား၏ ေရးရာဝန္ႀကီးမဲဆႏၵနယ္ မဆံုးရံႈးေစေရးအတြက္ မိမိတို႔၏ မွတ္ပံုတင္နံပါတ္ႏွင့္ လူမ်ိဳးအမည္မ်ား မွန္ကန္ျခင္း ရိွ၊မရိွ သြားေရာက္စစ္ေဆး ျပင္ဆင္ႏုိင္ၾကမည္ျဖစ္သည္။

သတင္း #ဟန္စိုးထုိက္

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net