ကျောက်မဲမြို့သို့ သီပေါဘက်က လာသည့် အမျိုးသားတစ်ဦးထံက မူးယစ်ဆေးဝါး ဖမ်းမိ

ကျောက်မဲမြို့သို့ သီပေါဘက်က လာသည့် အမျိုးသားတစ်ဦးထံက မူးယစ်ဆေးဝါး ဖမ်းမိ
စက်တင်ဘာ 6, 2020
By Tachileik News Agency
ကျောက်မဲမြို့သို့ သီပေါဘက်က လာသည့် အမျိုးသားတစ်ဦးထံက မူးယစ်ဆေးဝါး ဖမ်းမိ
ရှမ်းပြည်နယ်( မြောက်ပိုင်း ) သီပေါမြို့ဘက်မှ ကျောက်မဲမြို့ဘက်သို့ မူးယစ်ဆေးဝါး သယ်ဆောင်လာသည့် အမျိုးသား တစ်ဦးကို မြို့အဝင် တိုးဂိတ်အနီးတွင် စက်တင်ဘာလ(၅)ရက်နေ့ ညပိုင်းက ဖမ်းဆီးရမိ၍ အမှုဖွင့် စစ်ဆေးနေကြောင်း သိရသည်။
စက်တင်ဘာလ (၅)ရက်၊ ည (၉)နာရီ (၄၅)မိနစ်ခန့်က သီပေါဘက်မှ ကျောက်မဲဘက်သို့ ဆိုင်ကယ်မောင်းလာသာ အမျိုးသားတစ်ဦးအား မူးယစ်တပ်ဖွဲ့စု (၂၄)အထူးအဖွဲ့ နှင့် စရတ(ကျောက်မဲ)တို့ ပါဝင်သည့် ပူးပေါင်းအဖွဲ့က  စစ်ဆေးရာ  ဘောင်းဘီအိတ်ကပ်အတွင်းထဲက WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား စုစုပေါင်း (၈၀၀)ပြား ကို တွေ့ရှိခဲ့ခြင်း ဖြစ်သည်။
မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသည့် အသက်(၂၈)နှစ်ရှိ ဟိန်းကို ဆိုသူအား  ကျောက်မဲမြို့မ ရဲစခန်းတွင် မယ(ပ)၄၃/ ၂၀၂၀၊ မူး/စိတ် ပုဒ်မ ၁၉ (က ) ဖြင့် အမှုဖွင့် အရေးယူထားပြီး ကွင်းဆက်ဖော်ထုတ်စစ်ဆေးနေကြောင်း သိရသည်။
Tachileik News Agency
သတင်း - နေဖြိုးမြင့်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~