တာချီလိတ်မှ ဓါတ်ခွဲစစ်ဆေးထားသည့် (၁၇)ဦးတွင် Covid-19 ပိုးမတွေ့

တာချီလိတ်မှ ဓါတ်ခွဲစစ်ဆေးထားသည့် (၁၇)ဦးတွင် Covid-19 ပိုးမတွေ့
စက်တင်ဘာ 17, 2020
By Tachileik News Agency
တာချီလိတ်မှ ဓါတ်ခွဲစစ်ဆေးထားသည့် (၁၇)ဦးတွင် Covid-19 ပိုးမတွေ့
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ရှိ ခရိုင်ပြည်သူ့ဆေးရုံတွင် စစ်ဆေးသည့် COVID 19 ဓာတ်ခွဲနမူနာ (၁၇)ခုတွင် ပိုးမတွေ့ရကြောင်း ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ (၁၇)ရက်နေ့၌ ဓာတ်ခွဲအဖြေရလာပြီဖြစ်သည်။
“ကျွန်တော်တို့ ဒီနေ့ (၁၇) ယောက်စစ်တယ်။ Quarantine ရယ်၊ ရဲစခန်းဘက်ကနေ တရားစွဲဆို အမှုပြီးပြတ်ပြီး ကျိုင်းတုံထောင်ပို့မယ့် နိုင်ငံခြားသားပေါ့နော် အဲဒါတွေစစ်တယ်။ အားလုံး Negative ပဲ။ quarantine ကတော့ ရန်ကုန်ပြန်တော့များတယ်။ ကျန်တာတွေကတော့ မဖြစ်မနေ quarantine ဝင်ရမယ်လို့ သတ်မှတ်ထားတဲ့ ဒေသတွေက လာတဲ့သူတွေပေါ့။ quarantine က (၉)ယောက်နဲ့ ရဲစခန်းဘက်က (၈)ယောက် စုစုပေါင်း (၁၇)ယောက်ပါ။”ဟု တာချီလိတ်ခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာ ခင်ကျော်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
တာချီလိတ်တွင် Stay at Home ကြေညာထားသည့်ဒေသများမှ လာသူများ၊ ပြည်ပမှဝင်ရောက်လာသူများနှင့် ကျိုင်းတုံအကျဉ်းထောင်ပို့မည့် ပြစ်ဒဏ်ကျများကို COVID 19 ဓာတ်ခွဲနမူနာ ရယူစစ်ဆေးပေးနေခြင်းဖြစ်သည်။
အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL)တွင် ဓာတ်ခွဲ နမူနာ (၅၅၂)ခု၊ ဆေးသုတေသနဦးစီးဌာန (DMR) ဓာတ်ခွဲနမူနာတွင် ဓာတ်ခွဲနမူနာ (၂၅၅) ခု၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) တွင်ဓာတ်ခွဲနမူနာ (၄၃၆) ခု၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(မော်လမြိုင်)တွင် ဓာတ်ခွဲနမူနာ (၂၅၂) ခု၊ စစ်တွေ ပြည်သူ့ဆေးရုံကြီးတွင် ဓာတ်ခွဲနမူနာ (၈၅) ခု၊ ကျောက်ဖြူ ပြည်သူ့ဆေးရုံကြီးတွင် ဓာတ်ခွဲနမူနာ (၁၀) ခု၊ တောင်ငူ ပြည်သူ့ဆေးရုံကြီးတွင် ဓာတ်ခွဲနမူနာ (၂) ခု၊ ဗန်းမော် ပြည်သူ့ဆေးရုံကြီးတွင် ဓာတ်ခွဲနမူနာ (၁) ခု၊ တာချီလိတ် ပြည်သူ့ဆေးရုံကြီးတွင် ဓာတ်ခွဲနမူနာ (၁၇) ခု၊ မြစ်ကြီးနား ပြည်သူ့ဆေးရုံကြီးတွင် ဓာတ်ခွဲနမူနာ (၁) ခု၊ မူဆယ် ပြည်သူ့ဆေးရုံကြီးတွင် ဓာတ်ခွဲနမူနာ (၁၁) ခု၊ ပြည်မြို့ ပြည်သူ့ဆေးရုံကြီးတွင် ဓာတ်ခွဲနမူနာ (၅) ခု၊ လွိုင်ကော် ပြည်သူ့ဆေးရုံကြီးတွင် ဓာတ်ခွဲနမူနာ (၂) ခု၊ ပြင်ဦးလွင် ပြည်သူ့ဆေးရုံကြီးတွင် ဓာတ်ခွဲနမူနာ (၁) ခု၊ မြောင်းမြ ပြည်သူ့ဆေးရုံကြီးတွင် ဓာတ်ခွဲနမူနာ (၃) ခု၊ မကွေး ပြည်သူ့ဆေးရုံကြီးတွင် ဓာတ်ခွဲနမူနာ (၁၂) ခု၊ မြဝတီ ပြည်သူ့ဆေးရုံကြီးတွင် ဓာတ်ခွဲနမူနာ (၄) ခု၊ ထားဝယ် ပြည်သူ့ဆေးရုံကြီးတွင် ဓာတ်ခွဲနမူနာ (၁) ခု၊ ဟားခါး ပြည်သူ့ဆေးရုံကြီးတွင် ဓာတ်ခွဲနမူနာ (၁၀) ခုနှင့်  နေပြည်တော် ပြည်သူ့ဆေးရုံကြီး (ခုတင် ၁၀၀၀)တွင် ဓာတ်ခွဲနမူနာ (၇၀) ခု၊ စုစုပေါင်း (၁,၇၃၀)ခု အား ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ (၁၇)ရက်နေ့၌ စစ်ဆေးရာ အတည်ပြုလူနာ အတည်ပြုလူနာသစ် (၁၄၈) ဦး တွေ့ရှိရကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် ၂၀၂၀ခုနှစ် စက်တင်ဘာလ(၁၇)ရက်နေ့ ည(၈)နာရီအချိန်အထိ Covid-19 ကူးစက်ခံရသူ စုစုပေါင်း ( ၄၀၄၃)ဦး ရှိပြီဖြစ်ကြောင်း သိရသည်။
Tachileik News Agency

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~