ထိုင်းနိုင်ငံတွင် COVID – 19 ဗီဇပြောင်း အိုမီခရွန်ကူးစက်ခံထားရသူတစ်ဦး စတင်တွေ့ရှိ

ထိုင်းနိုင်ငံတွင် COVID – 19 ဗီဇပြောင်း အိုမီခရွန်ကူးစက်ခံထားရသူတစ်ဦး စတင်တွေ့ရှိ
By Tachileik News Agency

ထိုင်းနိုင်ငံတွင်  COVID – 19 ဗီဇပြောင်း အိုမီခရွန်တွေ့ရကြောင်း ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ (၆) ရက်နေ့တွင် ဆေးသိပ္ပံဌာန တာဝန်ရှိသူတစ်ဦးက သတင်းထုတ်ပြန်သည်။

စပိန်နိုင်ငံမှလာရောက်သည့် အမေရိကန်အမျိုးသားတစ်ဦး၏ COVID 19  ဓါတ်ခွဲနမူနာကို လွန်ခဲ့သည့် နိုဝင်ဘာလ (၃၀) ရက်နေ့ကရယူထားပြီး စစ်ဆေးနေမှုမှ တွေ့ရှိချက်အရ အိုမီခရွန်ဖြစ်နိုင်ချေ ၉၉.၉၂ ရာခိုင်နှုန်းသေချာနေ၍ ထိုင်းနိုင်ငံ၏ ပထမဆုံး အိုမီခရွန်ကူးစက်လူနာဖြစ်လာဖွယ်ရှိသည်ဟု သိရသည်။

လက်ရှိတွင် အဆိုပါ အမျိုးသားမှာ အသွားအလာကန့်သတ်နေထိုင်နေသူဖြစ်သည်ဟု သိရသည်။

ထိုင်းနိုင်ငံတွင် လွန်ခဲ့သည့် (၃)ရက်ခန့်ကတည်းက အိုမီခရွန်ကူးစက်ခံထားရသည့် ခရီးသွားဧည့်သည်တွေ့ရှိသည်ဟု သတင်းများထွက်ပေါ်နေခဲ့ခြင်းဖြစ်သည်။



source:WorkpointTODAY