ဝူဟန်အဆုတ်ရောင်ရောဂါကာကွယ်ရေးအတွက် မိုင်းလားဒေသအတွင်း အားကစားကွင်း နှင့် အားကစားရုံများကို ယာယီပိတ်ထားမည်

ဝူဟန်အဆုတ်ရောင်ရောဂါကာကွယ်ရေးအတွက် မိုင်းလားဒေသအတွင်း အားကစားကွင်း နှင့် အားကစားရုံများကို ယာယီပိတ်ထားမည်
ဖေဖော်ဝါရီ 1, 2020
By Tachileik News Agency

ဝူဟန်အဆုတ်ရောင်ရောဂါကာကွယ်ရေးအတွက် မိုင်းလားဒေသအတွင်း အားကစားကွင်း နှင့် အားကစားရုံများကို ယာယီပိတ်ထားမည်

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ အထူးဒေသ(၄) မိုင်းလားဒေသတွင် ဝူဟန်အဆုတ်ရောင်ရောဂါ (ကော်ရိုနာဗိုင်းရပ်စ်) ကူးစက်ပျံ့နှံ့မှု မရှိစေရေးနှင့် ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ဖေဖော်ဝါရီလ(၁)ရက်နေ့က စ၍ အားကစားကွင်း နှင့် အားကစားရုံများကို ယာယီပိတ်ထားမည်ဖြစ်ကြောင်း အထူးဒေသ(၄)၏ ပညာရေးနှင့်အားကစားဦးစီးဌာနက ၂၀၂၀ခုနှစ် ဇန်နဝါရီလ(၃၁)ရက်နေ့ ရက်စွဲဖြင့် အသိပေးနှိုးဆော်ထားရှိသည်။

မိုင်းလားဒေသအတွင်း ဘောလုံး၊ ဘတ်စကတ်ဘော၊ ခြင်းလုံး၊ ကြက်တောင်၊ ဘော်လီဘော၊ ဂေါက်သီးရိုက်ခြင်း၊ ရင်ပြင်တွင် ကခုန်ခြင်း၊ ရေကူးခြင်း နှင့် ပြေးခြင်း စသည့် ကိုယ်လက် လှုပ်ရှားအားကစားများကို မပြုလုပ်ကြရန် မေတ္တာရပ်ခံထားရှိသည်။

ဝူဟန်အဆုတ်ရောင်ရောဂါ (ကော်ရိုနာဗိုင်းရပ်စ်) ကူးစက်ပျံ့နှံ့မှု မရှိစေရေးအတွက် လတ်တလောတွင် လူစုလူဝေးမပြုလုပ်ရန် ယာယီတားမြစ်ထားသည့် မိုင်းလားတွင် မိုင်းလားငြိမ်းချမ်းရေးရင်ပြင်၊ မိုင်းလားအားကစားကွင်း၊ ထျဲန်းကျန့်အားကစားရုံ နှင့် မိုင်းလားဂေါက်ကွင်း စသည့်နေရာများအား ယာယီပိတ်ထားမည်ဖြစ်ပြီး ဖွင့်လှစ်မည့် အချိန်ကိုလည်း ပြန်လည်၍ အသိပေးသွားမည် ဖြစ်ကြောင်း သိရသည်။

 ဝူဟန်အဆုတ်ရောင်ရောဂါ(နိုဗယ်ကိုရိုနာဗိုင်းရပ်စ်)  ကူးစက်ဖြစ်ပွားမှု မရှိစေရေးအတွက် ပျော်ပွဲရွှင်ပွဲ ကျင်းပသည့် နေရာများနှင့် လူစုလူဝေးလှုပ်ရှားမှုများကို ယာယီရပ်တန့် ဖျက်သိမ်းရမည်ဖြစ်ပြီး နယ်စပ်ဂိတ်တွင်လည်း ကျန်းမာရေးစစ်ဆေးမှုများကို ပူးပေါင်းပါဝင် ကူညီပေးကြရန် အထူးဒေသ(၄)မိုင်းလား၏  ငြိမ်းချမ်းရေးနှင့် စည်းလုံးရေးကော်မတီက ၂၀၂၀ခုနှစ် ဇန်နဝါရီလ(၂၆)ရက်နေ့ ရက်စွဲဖြင့် အသိပေးထားရှိသည်။


~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~


~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~