တာချီလိတ်မြို့ရှိ ဈေးများတွင် ဈေးရောင်း ဈေးဝယ်သူများ နှာခေါင်းစည်(Mask)တပ်ကြရန် အသိပညာပေး

တာချီလိတ်မြို့ရှိ ဈေးများတွင် ဈေးရောင်း ဈေးဝယ်သူများ နှာခေါင်းစည်(Mask)တပ်ကြရန် အသိပညာပေး
စက်တင်ဘာ 21, 2020
By Tachileik News Agency
တာချီလိတ်မြို့ရှိ ဈေးများတွင် ဈေးရောင်း ဈေးဝယ်သူများ နှာခေါင်းစည်(Mask)တပ်ကြရန် အသိပညာပေး 
နယ်စပ်ဒေသ တာချီလိတ်မြို့ရှိ ဈေးများတွင် ဈေးရောင်း ဈေးဝယ်များအနေဖြင့် Covid-19 ကြိုတင်ကာကွယ်နိုင်ရန် နှာခေါင်းစည်(Mask)များကို မဖြစ်မနေ တပ်ဆင်ကြရန် အသိပညာပေးကာ တိုက်တွန်းနေကြောင်း သိရသည်။
တာချီလိတ်မြို့မဈေး အပါအဝင် ပုဂ္ဂလိကဈေးများတွင် ဈေးရောင်းချသူများ နှင့် ဈေးဝယ်များမှာ Covid-19 ကြိုတင်ကာကွယ်ရေးအတွက် နှာခေါင်းစည်(Mask) မတပ်သူ များပြားနေသည့်အတွက် တာချီလိတ်မြို့နယ်စည်ပင်သာယာရေးဌာန နှင့် ကျန်းမာရေးဌာန အပါအဝင် ဈေးတာဝန်ခံများ ပူးပေါင်းကာ ၂၀၂၀ခုနှစ် စက်တင်ဘာလ (၂၁)ရက်နေ့တွင် အသိပေးခြင်းအပြင် Mask မတပ်လာသူများကို ပေးဝေခြင်းများ လုပ်ဆောင်နေကြောင်း သိရသည်။
တာချီလိတ်မြို့တွင် Covid-19 ကြိုတင်ကာကွယ်နိုင်ရေးအတွက် သတ်မှတ်စည်းကမ်းများကို လိုက်နာမှုအားနည်းနေပြီး နှာခေါင်းစည်း(Mask)မတပ်သူ များနေသည်ကိုလည်း တွေ့ရသည်။
Tachileik News Agency
ဓါတ်ပုံ - တာချီလိတ် စည်ပင်
 
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~